သတင်းကောင်းတွေ တတ်လာပြီ

မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီး AA က အ‌ပြည့်အ၀ ထိန်းချုပ်

ဖေဖော်ဝါရီ ၁၀ ရက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က အပြီးသတ်သိမ်းပိုက်လိုက်ပြီး မြောက်ဦးမြို့နယ်တွင်လည်း စစ်တပ်ကင်းစင်နယ်မြေဖြစ်လာကာ AA က အပြည့်အ၀ ထိန်းချုပ်လိုက်ကြောင်း AA သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရက္ခိုင်ပြည်၊ ရသေ့တောင်မြိုနယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ “ကိုးတန်ကောက်နယ်ခြားစောင့်စခန်း” ကို ဒုတိယနေ့ဖြစ်သော ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်AA က စခန်းတစ်ခုလုံးကို ၂ ရက်တာထိုးစစ်အပြီး အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရက္ခိုင်ပြည်၊ မြောက်ဦးတွင် စစ်ကောင်စီ၏လက်ကျန်တစ်ခုတည်း စခန်းဖြစ်သော “ရဲတပ်ရင်း အမှတ် ၃၁ ” ကို ရက္ခိုင့်တပ်‌တော်AAက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်ထိုးစစ်ဆင်တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားကြောင်း၊ မြောက်ဦးမြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ ရသေ့တောင် ၊ မောင်တော၊ ကျောက်ဖြူ အပါအဝင် နေရာအများအပြားတွင် တိုက်ပွဲများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ရသေ့တောင်မြိုနယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ စစ်ကောင်စီ၏ရသေ့တောင်အခြေစိုက် “ခမရ (၅၃၇)” တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာအနီး စစ်ကောင်စီ၏ “ကြိမ်ချောင်း နယ်ခြားစောင့်စခန်း (တစ်နည်း) နခခ (၇)” သည် လက်နက်ချအညံ့မခံသောကြောင့် AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊

အဆိုပါစခန်းသည် စစ်ကောင်စီက နှစ်ရှည်လများအခြေချတပ်စွဲထားကာ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရှိရသည်။
ေျမာက္ဦးၿမိဳ႕နယ္တစ္ခုလုံးတြင္ စစ္တပ္ကင္းစင္နယ္ေျမျဖစ္သြားၿပီး AA က အ‌ျပည့္အ၀ ထိန္းခ်ဳပ္

ေဖေဖာ္ဝါရီ ၁၀ ရက္

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ကိုးတန္ေကာက္နယ္ျခားေစာင့္စခန္းကို AA က အၿပီးသတ္သိမ္းပိုက္လိုက္ၿပီး ေျမာက္ဦးၿမိဳ႕နယ္တြင္လည္း စစ္တပ္ကင္းစင္နယ္ေျမျဖစ္လာကာ AA က အျပည့္အ၀ ထိန္းခ်ဳပ္လိုက္ေၾကာင္း AA သတင္းရင္းျမစ္၏ ေျပာဆိုခ်က္ႏွင့္ ေျမာက္ပိုင္းညီေနာင္ မဟာမိတ္ ၃ ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရွိရသည္။

ေဖေဖာ္ဝါရီလ ၈ ရက္ေန႔က ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည့္ ရကၡိဳင္ျပည္၊ ရေသ့ေတာင္ၿမိဳနယ္၊ အေနာက္ေတာင္ပိုင္း၊ အငူေမာ္-ေမာင္ေတာကားလမ္းမေဘးရွိ စစ္ေကာင္စီ၏ “ကိုးတန္ေကာက္နယ္ျခားေစာင့္စခန္း” ကို ဒုတိယေန႔ျဖစ္ေသာ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ နံနက္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္တြင္ ရကၡိဳင့္တပ္ေတာ္AA က စခန္းတစ္ခုလုံးကို ၂ ရက္တာထိုးစစ္အၿပီး အၿပီးသတ္ေခ်မႈန္းသိမ္းပိုက္နိုင္ခဲ့ေၾကာင္း သိရွိရသည္။

အလားတူ ရကၡိဳင္ျပည္၊ ေျမာက္ဦးတြင္ စစ္ေကာင္စီ၏လက္က်န္တစ္ခုတည္း စခန္းျဖစ္ေသာ “ရဲတပ္ရင္း အမွတ္ ၃၁ ” ကို ရကၡိဳင့္တပ္‌ေတာ္AAက ေဖေဖာ္ဝါရီလ ၈ ရက္ေန႔တြင္ အၿပီးသတ္ထိုးစစ္ဆင္တိုက္ ခိုက္သိမ္းပိုက္ခဲ့ရာ ေျမာက္ဦးၿမိဳ႕နယ္တစ္ခုလုံးတြင္ စစ္တပ္ကင္းစင္နယ္ေျမျဖစ္သြားေၾကာင္း၊ ေျမာက္ဦးၿမိဳ႕နယ္တစ္ခုလုံးကို AA ထိန္းခ်ဳပ္လိုက္ၿပီျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ျပင္ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ ၊ ေမာင္ေတာ၊ ေက်ာက္ျဖဴ အပါအဝင္ ေနရာအမ်ားအျပားတြင္ တိုက္ပြဲမ်ား ဆက္လက္ရွိေနဆဲ ျဖစ္ေၾကာင္း သိရွိရသည္။

ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ နံနက္ ၄ နာရီ ၃၀ မိနစ္အခ်ိန္ခန႔္က ရေသ့ေတာင္ၿမိဳနယ္၊ မယူကမ္း၊ မင္းဖူး၊ ေအာင္မင္း၊ ေက်းတပင္၊ ေအာင္ဆိပ္ႏွင့္ သံေခ်ာင္းေက်းရြာမ်ားသို႔ စစ္ေကာင္စီ၏ရေသ့ေတာင္အေျခစိုက္ “ခမရ (၅၃၇)” တပ္ရင္းက လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး တစ္ခ်ိန္တည္း၌ပင္ ဂ်က္ဖိုက္တာျဖင့္လည္း လာေရာက္ဗုံးၾကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

ထို႔အတူ ရကၡိဳင္ျပည္၊ ေမာင္ေတာၿမိဳ႕နယ္ေျမာက္ပိုင္း၊ ႀကိမ္ေခ်ာင္းေက်းရြာအနီး စစ္ေကာင္စီ၏ “ႀကိမ္ေခ်ာင္း နယ္ျခားေစာင့္စခန္း (တစ္နည္း) နခခ (၇)” သည္ လက္နက္ခ်အညံ့မခံေသာေၾကာင့္ AA က စတင္ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေၾကာင္း၊

အဆိုပါစခန္းသည္ စစ္ေကာင္စီက ႏွစ္ရွည္လမ်ားအေျခခ်တပ္စြဲထားကာ အရပ္သားျပည္သူမ်ားေနထိုင္ရာေနရာမ်ားသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ေလ့ရွိေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *