လာပြန်ပီအမျိုးတို့ သိမ်းလိုက်ပြန်ပီ ဂွတ် ရှယ်ကြီးပဲ..

ဘောလခဲရှိ ၁၂မိုင်ကုန်းစခန်းကို ကရင်နီပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဘောလခဲ၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ် ဘောလခဲမြို့နယ်နှင့် မြို့သစ်အကြားရှိ စစ်ကောင်စီတပ်အထိုင် ၁၂ မိုင် တာဝါတိုင်စခန်းကုန်းကို ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူခဲ့ကြောင်း သိရသည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ဘော်လခဲ PDF နှင့် FFD Drone တပ်ဖွဲ့အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ၁၂ မိုင်ကုန်းစခန်းကို ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

FFD Drone တပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်၍ ယနေ့ ၈ ရက်နေ့အထိ Drone ဖြင့် ဗုံးသီးစုစုပေါင်း ၄၅ လုံး ကြဲချကာ ပစ်ကူပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဗုံးသီးမျိုးစုံကို သိမ်းယူရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ အကျအဆုံးကို အတည်ပြု၍မရသေးကြောင်း FFD Drone တပ်ဖွဲ့က ဆိုထားသည်။
ေဘာလခဲရွိ ၁၂မိုင္ကုန္းစခန္းကို ကရင္နီပူးေပါင္းတပ္မ်ား တိုက္ခိုက္သိမ္းပိုက္

ေဘာလခဲ၊ ေဖေဖာ္ဝါရီ ၈

ကရင္နီျပည္နယ္ ေဘာလခဲၿမိဳ႕နယ္ႏွင့္ ၿမိဳ႕သစ္အၾကားရွိ စစ္ေကာင္စီတပ္အထိုင္ ၁၂ မိုင္ တာဝါတိုင္စခန္းကုန္းကို ယေန႔ ေဖေဖာ္ဝါရီ ၈ ရက္ေန႔တြင္ ကရင္နီေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္သိမ္းယူခဲ့ေၾကာင္း သိရသည္။

ကရင္နီလူမ်ိဳးေပါင္းစုံ ျပည္သူ႔ လြတ္ေျမာက္ေရး တပ္ဦး (ကလလတ)၊ ေဘာ္လခဲ PDF ႏွင့္ FFD Drone တပ္ဖြဲ႕အပါအဝင္ ကရင္နီေတာ္လွန္ေရးတပ္ေပါင္းစုက ၁၂ မိုင္ကုန္းစခန္းကို ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွစတင္၍ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

FFD Drone တပ္ဖြဲ႕က ေဖေဖာ္ဝါရီ ၅ ရက္ေန႔မွစတင္၍ ယေန႔ ၈ ရက္ေန႔အထိ Drone ျဖင့္ ဗုံးသီးစုစုေပါင္း ၄၅ လုံး ၾကဲခ်ကာ ပစ္ကူေပးခဲ့ေၾကာင္း သတင္းထုတ္ျပန္သည္။

စခန္းမွ လက္နက္ႀကီး၊ လက္နက္ငယ္ႏွင့္ ဗုံးသီးမ်ိဳးစုံကို သိမ္းယူရရွိခဲ့ၿပီး စစ္ေကာင္စီဘက္မွ အက်အဆုံးကို အတည္ျပဳ၍မရေသးေၾကာင္း FFD Drone တပ္ဖြဲ႕က ဆိုထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *