ပုစဉ်းကင်လိုက်ပြန်ပြီ ဗျို့..🥰

ကန့်ဘလူတွင် စစ်ရဟတ်ယာဉ်အပစ်ခံရပြီး ထိမှန်

ဖေဖော်ဝါရီ ၈ ၊ ၂၀၂၄ ။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်တစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ရာ ထိမှန်ပြီး မီးခိုးများအူထွက်၍ ပြန်လှည့်သွားခဲ့ရသည်ဟု ကာကွယ်ရေးပူးပေါင်းတပ်များထံက သိရသည် ။

ယနေ့ နေ့လည် ၂နာရီခွဲ ဝန်းကျင်ခန့်တွင် ချပ်သင်းတိုက်ပွဲအတွင်းသို့ လာရောက်ဗုံးကြဲတိုက်ခိုက်သည့် စစ်ရဟတ်ယာဥ်ကို ပွိုင့်၅ဖြင့် ပစ်လိုက်ခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

” Mi 35 ရဟတ်ယာဥ် နောက်ဆုံးလာပစ်တဲ့ အစီးကို ပွိုင့်၅ နဲ့ ပစ်လွှတ်လိုက်တာ။ သူတို့ကြဲတဲ့နေရာနဲ့ ပွိုင့်၅ ကိုင်ထားတဲ့နေရာက တခြားစီဖြစ်နေတော့ ဒီနေ့မှ ပစ်လိုက်ရတာ ။ ကျ၊ မကျတော့ မသိရဘူး။ မှန်တာက၊ မှန်သွားတယ် “ဟု ၎င်းကပြောသည် ။

စစ်ကောင်စီတပ်နှင့်ပျူစောထီများတပ်စွဲထားသည့် ချပ်သင်းပျူရွာကို ယမန်နေ့ ညနေ ၅ နာရီခန့်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီက လေယာဥ်ပစ်ကူများဆက်တိုက်လာရောက်နေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ကူသည် ယမန်နေ့ ညပိုင်းတွင် ၂ ကြိမ်၊ ယနေ့ နံနက်ပိုင်းတွင် ၂ ကြိမ်နှင့် နေ့လည်ပိုင်းတွင် တစ်ကြိမ်လာရောက်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနှင့် လေယာဥ်ထိမှန်သည်ကိုလည်း ၎င်းက အတည်ပြုပြောသည်။

” ချပ်သင်းရဲ့တောင်ဘက် ကျွန်းလှထိတော့ ပြန်သွားတယ်။ မီးခိုး​တွေထွက်သွားတယ် ။ ကျ၊ မကျကိုက အဲ ဘက်ကိုတော့ အဆက်အသွယ်မရသေးဘူး။ အခုလေးတင်ဖြစ်သွားတာဆိုတော့ “ဟု ကန့်ဘလူဒေသခံအမျိုးသားက နေ့လည် ၃ နာရီကျော်ကျော်အချိန်တွင်ပြောသည် ။

ကန့်ဘလူမြို့နယ် ချပ်သင်းပျူရွာ အထိုင်စခန်းကို ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အများအပြားပေးနေသည့်အပြင် လေယာဥ်ပစ်ကူများဆက်တိုက်ပေးနေသောကြောင့် စခန်းသိမ်းပိုက်ရရှိရန် ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်သည်ဟု ပူးပေါင်းတပ်များထံက သိရသည် ။

ကန္႔ဘလူတြင္ စစ္ရဟတ္ယာဥ္အပစ္ခံရၿပီး ထိမွန္

ေဖေဖာ္ဝါရီ ၈ ၊ ၂၀၂၄ ။

စစ္ကိုင္းတိုင္း ကန္႔ဘလူၿမိဳ႕နယ္တြင္ စစ္ေကာင္စီရဟတ္ယာဥ္တစ္စီးကို ေတာ္လွန္ေရးပူးေပါင္းတပ္မ်ားက ပစ္ခတ္ခဲ့ရာ ထိမွန္ၿပီး မီးခိုးမ်ားအူထြက္၍ ျပန္လွည့္သြားခဲ့ရသည္ဟု ကာကြယ္ေရးပူးေပါင္းတပ္မ်ားထံက သိရသည္ ။

ယေန႔ ေန႔လည္ ၂နာရီခြဲ ဝန္းက်င္ခန္႔တြင္ ခ်ပ္သင္းတိုက္ပြဲအတြင္းသို႔ လာေရာက္ဗုံးၾကဲတိုက္ခိုက္သည့္ စစ္ရဟတ္ယာဥ္ကို ပြိဳင့္၅ျဖင့္ ပစ္လိုက္ျခင္းျဖစ္သည္ဟု ကန္႔ဘလူၿမိဳ႕နယ္ ပကဖ တပ္ဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

” Mi 35 ရဟတ္ယာဥ္ ေနာက္ဆုံးလာပစ္တဲ့ အစီးကို ပြိဳင့္၅ နဲ႔ ပစ္လႊတ္လိုက္တာ။ သူတို႔ၾကဲတဲ့ေနရာနဲ႔ ပြိဳင့္၅ ကိုင္ထားတဲ့ေနရာက တျခားစီျဖစ္ေနေတာ့ ဒီေန႔မွ ပစ္လိုက္ရတာ ။ က်၊ မက်ေတာ့ မသိရဘူး။ မွန္တာက၊ မွန္သြားတယ္ “ဟု ၎ကေျပာသည္ ။

စစ္ေကာင္စီတပ္ႏွင့္ပ်ဴေစာထီမ်ားတပ္စြဲထားသည့္ ခ်ပ္သင္းပ်ဴရြာကို ယမန္ေန႔ ညေန ၅ နာရီခန္႔မွစ၍ ေတာ္လွန္ေရးပူးေပါင္းတပ္မ်ားက ထိုးစစ္ဆင္တိုက္ခိုက္ေနရာ စစ္ေကာင္စီက ေလယာဥ္ပစ္ကူမ်ားဆက္တိုက္လာေရာက္ေနသည္ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

စစ္ေကာင္စီ၏ ေလေၾကာင္းပစ္ကူသည္ ယမန္ေန႔ ညပိုင္းတြင္ ၂ ႀကိမ္၊ ယေန႔ နံနက္ပိုင္းတြင္ ၂ ႀကိမ္ႏွင့္ ေန႔လည္ပိုင္းတြင္ တစ္ႀကိမ္လာေရာက္၍ ဗုံးၾကဲတိုက္ခိုက္ခဲ့ေၾကာင္းႏွင့္ ေလယာဥ္ထိမွန္သည္ကိုလည္း ၎က အတည္ျပဳေျပာသည္။

” ခ်ပ္သင္းရဲ့ေတာင္ဘက္ ကၽြန္းလွထိေတာ့ ျပန္သြားတယ္။ မီးခိုး​ေတြထြက္သြားတယ္ ။ က်၊ မက်ကိုက အဲ ဘက္ကိုေတာ့ အဆက္အသြယ္မရေသးဘူး။ အခုေလးတင္ျဖစ္သြားတာဆိုေတာ့ “ဟု ကန္႔ဘလူေဒသခံအမ်ိဳးသားက ေန႔လည္ ၃ နာရီေက်ာ္ေက်ာ္အခ်ိန္တြင္ေျပာသည္ ။

ကန္႔ဘလူၿမိဳ႕နယ္ ခ်ပ္သင္းပ်ဴရြာ အထိုင္စခန္းကို ပူးေပါင္းတပ္မ်ားက ထိုးစစ္ဆင္တိုက္ခိုက္ေနရာ စစ္ေကာင္စီဘက္က လက္နက္ႀကီးပစ္ကူ အမ်ားအျပားေပးေနသည့္အျပင္ ေလယာဥ္ပစ္ကူမ်ားဆက္တိုက္ေပးေနေသာေၾကာင့္ စခန္းသိမ္းပိုက္ရရွိရန္ ဆက္လက္ထိုးစစ္ဆင္ေနဆဲ ျဖစ္သည္ဟု ပူးေပါင္းတပ္မ်ားထံက သိရသည္ ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *