အယ်ဘတို့တော့ လေယာဉ်တစီး ထပ်ကုန်အုံးမယ်

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိနေသည့် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို သင်္ဘောဖြင့် ပြန်ပို့ရန် စစ်ကောင်စီ ပြောဆိုမှု ဘင်္ဂလားဒေ့ရှ်ပယ်ချ ၊ လေယာဉ်ဖြင့်သာ လာခေါ်ရန် အကြောင်းပြန်

ဖေဖော်ဝါရီ ၈

ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ပွဲတွေ ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးလာတဲ့ စစ်သားတွေ ၂၆၀ ဦး ကို ရေလမ်းကနေသာပြန်ပို့ဖို့ မြန်မာစစ်တပ်ပြောဆိုလာပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ၊မောင်တောမြို့မှ နယ်ခြားစောင့် ရဲတွေ ၊ စစ်တပ်အရာရှိတွေ နဲ့ အကောက်အခွန် အရာရှိတွေကို မြန်မာစစ်တပ်က ရေလမ်းကနေသာ ပြန်လည်ပို့ဆောင်ဖို့ ပြောဆိုလာပေမယ့်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ လုံခြုံရေး အခြေအနေတွေ ကြောင့် လေယာဉ် နဲ့ ပြန်လည် ပို့ဆောင်ဖို့ အဆိုပြုထားတယ်လို့ ဒါကာ အခြေစိုက် သတင်းတွေက ဆိုပါတယ်။

မြန်မာ စစ်တပ်က သူတို့ စစ်သားတွေ နဲ့ အရာရှိတွေ ကို နတ်မြစ်ကိုဖြတ်ပြီး သင်္ဘော နဲ့ သာပြန်လည် ခေါ်ယူမယ်လို့ ပြောဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးတန်း အရာရှိ Miah Md Mainul Kabir ရဲ့ ပြောကြားချက်ကို ကိုးကားပြီး တူရကီ အခြေစိုက် သတင်းအေဂျင်စီ Anadolu က သတင်းဖော်ပြပါတယ်။

Anadolu သတင်းအေဂျင်စီ ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် ဒါကာ မှာ ရုံးခွဲ ထားပြီး သတင်းတင်ဆက်နေတဲ့ ဌာနတစ်ခုလည်းဖြစ်ပါတယ်။

“ ဒီကိစ္စကို ဆွေးနွေးဖို့ ကျွန်တော်တို့ရဲ့မြန်မာဆိုင်ရာ သံအမတ်ကြီးက နေပြည်တော်ကို ရောက်နေပြီ။ မကြာခင်မှာ အဖြေတစ်ခုဆီကို ရောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Kabir က Anadolu သတင်းဌာန ကိုဖြေကြားထားပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်ကျေးရွာများမှ ပြည်သူတွေ ဟာလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ဝင်ရောက်လာတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ Mohammed Mizanur Rahman က မြန်မာ ပြည်က ဒုက္ခသည်တွေ ထပ်မံလက်ခံဖို့ မတတ်နိုင်တော့ဘူးလို့ ပြောကြားထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ကို လက်ခံလက်ခံထားပြီးဖြစ်တာကြောင့် နောက်ထပ်ရောက်မယ့် သူတွေ လက်ခံဖို့ မဖြစ်နိုင်တော့ဘူးလို့ သူက ဆက်ပြောပါတယ်။

“သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကိုလက်ခံထားရတဲ့ အတွက် ကျနော်တို့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါပြီ။ အခု နောက်ထပ် ဒုက္ခသည်တွေ ထပ်ခေါ်လို့ မရတော့ဘူး” လို့ Mohammed Mizanur Rahman ပြောကြားခဲ့ပါတယ်။

ဘဂၤလားေဒ့ရွ္သို႔ ထြက္ေျပးေရာက္ရွိေနသည့္ ျမန္မာနယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္မ်ားကို သေဘၤာျဖင့္ ျပန္ပို႔ရန္ စစ္ေကာင္စီ ေျပာဆိုမႈ ဘဂၤလားေဒ့ရွ္ပယ္ခ် ၊ ေလယာဥ္ျဖင့္သာ လာေခၚရန္ အေၾကာင္းျပန္

ေဖေဖာ္ဝါရီ ၈

ရကၡိဳင့္တပ္ေတာ္ AA ၏ စခန္းသိမ္းတိုက္ပြဲေတြ ေၾကာင့္ ဘဂၤလားေဒ့ရွ္ နိုင္ငံထဲကို ထြက္ေျပးလာတဲ့ စစ္သားေတြ ၂၆၀ ဦး ကို ေရလမ္းကေနသာျပန္ပို႔ဖို႔ ျမန္မာစစ္တပ္ေျပာဆိုလာေပမယ့္လည္း ဘဂၤလားေဒ့ရွ္ အစိုးရဘက္က ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္ ၊ေမာင္ေတာၿမိဳ႕မွ နယ္ျခားေစာင့္ ရဲေတြ ၊ စစ္တပ္အရာရွိေတြ နဲ႔ အေကာက္အခြန္ အရာရွိေတြကို ျမန္မာစစ္တပ္က ေရလမ္းကေနသာ ျပန္လည္ပို႔ေဆာင္ဖို႔ ေျပာဆိုလာေပမယ့္လည္း ဘဂၤလားေဒ့ရွ္ အစိုးရကေတာ့ လုံျခဳံေရး အေျခအေနေတြ ေၾကာင့္ ေလယာဥ္ နဲ႔ ျပန္လည္ ပို႔ေဆာင္ဖို႔ အဆိုျပဳထားတယ္လို႔ ဒါကာ အေျခစိုက္ သတင္းေတြက ဆိုပါတယ္။

ျမန္မာ စစ္တပ္က သူတို႔ စစ္သားေတြ နဲ႔ အရာရွိေတြ ကို နတ္ျမစ္ကိုျဖတ္ၿပီး သေဘၤာ နဲ႔ သာျပန္လည္ ေခၚယူမယ္လို႔ ေျပာဆိုထားတယ္လို႔ ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရး ဝန္ႀကီးဌာန အႀကီးတန္း အရာရွိ Miah Md Mainul Kabir ရဲ့ ေျပာၾကားခ်က္ကို ကိုးကားၿပီး တူရကီ အေျခစိုက္ သတင္းေအဂ်င္စီ Anadolu က သတင္းေဖာ္ျပပါတယ္။

Anadolu သတင္းေအဂ်င္စီ ဟာ ဘဂၤလားေဒ့ရွ္ နိုင္ငံၿမိဳ႕ေတာ္ ဒါကာ မွာ ႐ုံးခြဲ ထားၿပီး သတင္းတင္ဆက္ေနတဲ့ ဌာနတစ္ခုလည္းျဖစ္ပါတယ္။

“ ဒီကိစၥကို ေဆြးေႏြးဖို႔ ကၽြန္ေတာ္တို႔ရဲ့ျမန္မာဆိုင္ရာ သံအမတ္ႀကီးက ေနျပည္ေတာ္ကို ေရာက္ေနၿပီ။ မၾကာခင္မွာ အေျဖတစ္ခုဆီကို ေရာက္ဖို႔ ကၽြန္ေတာ္တို႔ ေမၽွာ္လင့္ပါတယ္” ဟု Kabir က Anadolu သတင္းဌာန ကိုေျဖၾကားထားပါတယ္။

တိုက္ပြဲေတြေၾကာင့္ ျမန္မာနယ္စပ္ေက်းရြာမ်ားမွ ျပည္သူေတြ ဟာလည္း ဘဂၤလားေဒ့ရွ္ နိုင္ငံထဲ ဝင္ေရာက္လာတာေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။
ဘဂၤလားေဒ့ရွ္ ဒုကၡသည္ ကယ္ဆယ္ေရးႏွင့္ ေနရပ္ျပန္ပို႔ေရး ေကာ္မရွင္နာ Mohammed Mizanur Rahman က ျမန္မာ ျပည္က ဒုကၡသည္ေတြ ထပ္မံလက္ခံဖို႔ မတတ္နိုင္ေတာ့ဘူးလို႔ ေျပာၾကားထားပါတယ္။

ရိုဟင္ဂ်ာဒုကၡသည္ တစ္သန္းေက်ာ္ကို လက္ခံလက္ခံထားၿပီးျဖစ္တာေၾကာင့္ ေနာက္ထပ္ေရာက္မယ့္ သူေတြ လက္ခံဖို႔ မျဖစ္နိုင္ေတာ့ဘူးလို႔ သူက ဆက္ေျပာပါတယ္။

“သန္းနဲ႔ခ်ီတဲ့ ျမန္မာနိုင္ငံသားေတြကိုလက္ခံထားရတဲ့ အတြက္ က်ေနာ္တို႔ ဝန္ထုပ္ဝန္ပိုး ျဖစ္ေနပါၿပီ။ အခု ေနာက္ထပ္ ဒုကၡသည္ေတြ ထပ္ေခၚလို႔ မရေတာ့ဘူး” လို႔ Mohammed Mizanur Rahman ေျပာၾကားခဲ့ပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *