အယ်ဘရေ ရေစက်ခွက်သာပြင်ထားတော့ ကုန်ပြီဗျို့

မောင်တောမြို့နယ် စစ်ကောင်စီ နယ်ခြားစောင့် ဗျူဟာတပ်စခန်းနှစ်ခုကို အေအေ သိမ်းယူ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းရှိ လက်နက်အချို့ကို ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့နှစ်ခုထံ တာကာ ၁၀ သန်းဖိုး ကြိုရောင်းထား

ဖေဖော်ဝါရီ ၈ ၊ ၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်ခြားစောင့်တပ်စခန်း (ဗျူဟာစခန်း) နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ၄ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်မှာ စခန်းနှစ်ခုစလုံးကို သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်မှာရှိတဲ့ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို (လက်ဝဲ၊ လက်ယာ) စစ်ကောင်စီ ဗျူဟာစခန်း (နယ်ခြားစောင့်တပ်စခန်း) ကို AA က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူချိန် စစ်ကောင်စီနဲ့အတူ ပူးပေါင်းနေတဲ့ ဘင်္ဂါလီလက်နက်ကိုင်နှစ်ဖွဲ့ ARA (Arakan Rohingya Army) နဲ့ RSO (Rohingya Solidarity Organization) တပ်ဖွဲ့များကလည်း ရက္ခိုင့်တပ်တော်ကို အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် သိမ်းယူခဲ့တဲ့ တောင်ပြို(လက်ယာ) စခန်းမှာ စစ်ကောင်စီ အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့ခွဲက ရဲမှူး အောင်စည်သူအေး (နခခ ၂)နဲ့ တောင်ပြို (လက်ဝဲ) စခန်းမှာ စစ်ကောင်စီလက်အောက်ခံ ဒုရဲမှူးကြီး ကျော်နိုင်စိုးတို့ ဦးစီးနေခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းစခန်းနှစ်ခုကို ရက္ခိုင့်တပ်တော်က သိမ်းယူချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ နတ်မြစ်ကိုကျော်ဖြတ်ကာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို လက်နက်များနဲ့အတူ ထွက်ပြေးသွားကြသလို

စစ်ကောင်စီနဲ့အတူ ပူးပေါင်းနေတဲ့ AKA နဲ့ RSO ဘင်္ဂါလီလက်နက်ကိုင်နှစ်ဖွဲ့ကလည်း စစ်ကောင်စီစခန်းက လက်နက်ခဲယမ်းအချို့ကို ကားနဲ့သယ်ယူသွားကြတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းနယ်ခြားစောင့်တပ်စခန်းနှစ်ခုကို ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ခင်ကတည်းက စစ်ကောင်စီနဲ့ AKA/RSO တို့ ကြိုတင်ညှိနှိုင်းမှု ရယူထားကြပြီး ထွက်ပြေးဖို့ အခြေအနေကြုံလာပါက စခန်းတွင်းမှာရှိတဲ့ လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ငွေ တကာ (Taka) ၁၀ သန်းနဲ့


AKA/RSO နှစ်ဖွဲ့ကို စစ်ကောင်စီက ရောင်းချထားခဲ့ပြီး ထွက်ပြေးချိန် အကူအညီပေးဖို့အတွက်ကိုလည်း ကြိုတင်နားလည်မှုယူထားကြတာဖြစ်တယ်လို့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောကြားချက်ကို ရက္ခိုင့်တပ်တော်က ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော်က စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်းနှစ်ခုကို သိမ်းယူချိန် မူးယစ်ဆေးဝါး WY ၆၉ ထုပ်နဲ့ ICE ၂၈ ထုပ်ကိုလည်း သိမ်းဆည်းရရှိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းယူရရှိခဲ့ပါသေးတယ်
ေမာင္ေတာၿမိဳ႕နယ္ စစ္ေကာင္စီ နယ္ျခားေစာင့္ ဗ်ဴဟာတပ္စခန္းႏွစ္ခုကို ေအေအ သိမ္းယူ

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက စခန္းရွိ လက္နက္အခ်ိဳ႕ကို ဘဂၤါလီလက္နက္ကိုင္အဖြဲ႕ႏွစ္ခုထံ တာကာ ၁၀ သန္းဖိုး ႀကိဳေရာင္းထား

ေဖေဖာ္ဝါရီ ၈ ၊ ၂၀၂၄

ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ နယ္ျခားေစာင့္တပ္စခန္း (ဗ်ဴဟာစခန္း) ႏွစ္ခုကို ရကၡိဳင့္တပ္ေတာ္ (AA) က ေဖေဖာ္ဝါရီ ၄ ရက္မွာ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ ၆ ရက္မွာ စခန္းႏွစ္ခုစလုံးကို သိမ္းယူနိုင္ခဲ့သလို စစ္ေကာင္စီ စစ္သုံ႔ပန္းအခ်ိဳ႕ကိုလည္း ဖမ္းဆီးရမိခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္-ရခိုင္ နယ္စပ္မွာရွိတဲ့ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း ေတာင္ၿပိဳ (လက္ဝဲ၊ လက္ယာ) စစ္ေကာင္စီ ဗ်ဴဟာစခန္း (နယ္ျခားေစာင့္တပ္စခန္း) ကို AA က ထိုးစစ္ဆင္ တိုက္ခိုက္သိမ္းယူခ်ိန္ စစ္ေကာင္စီနဲ႔အတူ ပူးေပါင္းေနတဲ့ ဘဂၤါလီလက္နက္ကိုင္ႏွစ္ဖြဲ႕ ARA (Arakan Rohingya Army) နဲ႔ RSO (Rohingya Solidarity Organization) တပ္ဖြဲ႕မ်ားကလည္း ရကၡိဳင့္တပ္ေတာ္ကို အျပင္းအထန္ ျပန္လည္ခုခံတိုက္ခိုက္ခဲ့ပါတယ္။

ရကၡိဳင့္တပ္ေတာ္ သိမ္းယူခဲ့တဲ့ ေတာင္ၿပိဳ(လက္ယာ) စခန္းမွာ စစ္ေကာင္စီ အမွတ္ ၂ နယ္ျခားေစာင့္တပ္ဖြဲ႕ခြဲက ရဲမႉး ေအာင္စည္သူေအး (နခခ ၂)နဲ႔ ေတာင္ၿပိဳ (လက္ဝဲ) စခန္းမွာ စစ္ေကာင္စီလက္ေအာက္ခံ ဒုရဲမႉးႀကီး ေက်ာ္နိုင္စိုးတို႔ ဦးစီးေနခဲ့တာလည္း ျဖစ္ပါတယ္။


ယင္းစခန္းႏွစ္ခုကို ရကၡိဳင့္တပ္ေတာ္က သိမ္းယူခ်ိန္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀၀ ေက်ာ္ဟာ နတ္ျမစ္ကိုေက်ာ္ျဖတ္ကာ ဘဂၤလားေဒ့ရွ္ဘက္ျခမ္းကို လက္နက္မ်ားနဲ႔အတူ ထြက္ေျပးသြားၾကသလို

စစ္ေကာင္စီနဲ႔အတူ ပူးေပါင္းေနတဲ့ AKA နဲ႔ RSO ဘဂၤါလီလက္နက္ကိုင္ႏွစ္ဖြဲ႕ကလည္း စစ္ေကာင္စီစခန္းက လက္နက္ခဲယမ္းအခ်ိဳ႕ကို ကားနဲ႔သယ္ယူသြားၾကတယ္လို႔ ေအေအရဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ယင္းနယ္ျခားေစာင့္တပ္စခန္းႏွစ္ခုကို ရကၡိဳင့္တပ္ေတာ္ ထိုးစစ္ဆင္တိုက္ခိုက္မႈ မျပဳလုပ္ခင္ကတည္းက စစ္ေကာင္စီနဲ႔ AKA/RSO တို႔ ႀကိဳတင္ညႇိႏွိုင္းမႈ ရယူထားၾကၿပီး ထြက္ေျပးဖို႔ အေျခအေနၾကဳံလာပါက စခန္းတြင္းမွာရွိတဲ့ လက္နက္ခဲယမ္းေတြကို ဘဂၤလားေဒ့ရွ္ေငြ တကာ (Taka) ၁၀ သန္းနဲ႔

AKA/RSO ႏွစ္ဖြဲ႕ကို စစ္ေကာင္စီက ေရာင္းခ်ထားခဲ့ၿပီး ထြက္ေျပးခ်ိန္ အကူအညီေပးဖို႔အတြက္ကိုလည္း ႀကိဳတင္နားလည္မႈယူထားၾကတာျဖစ္တယ္လို႔ ဖမ္းဆီးရမိထားတဲ့ စစ္သုံ႔ပန္းေတြရဲ့ ေျပာၾကားခ်က္ကို ရကၡိဳင့္တပ္ေတာ္က ေဖာ္ျပထားပါတယ္။

ရကၡိဳင့္တပ္ေတာ္က စစ္ေကာင္စီ နယ္ျခားေစာင့္တပ္စခန္းႏွစ္ခုကို သိမ္းယူခ်ိန္ မူးယစ္ေဆးဝါး WY ၆၉ ထုပ္နဲ႔ ICE ၂၈ ထုပ္ကိုလည္း သိမ္းဆည္းရရွိခဲ့သလို လက္နက္ခဲယမ္းအမ်ားအျပားကိုလည္း သိမ္းယူရရွိခဲ့ပါေသးတယ္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *