ရန်ကုန် အုံးးးး💥 အိမ်တွေတောင် တုန်တယ်

လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ စစ်တပ်၊ရဲနှင့် ပျူစောထီးများ အခြေချစုဝေးရာ ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်အရိပ်(ပန်ဒါ)က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့ ပူးပေါင်း အဝေးထိန်းစနစ်ဖြင့် ရခိုင်ရိုးလေးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊

အဆိုပါအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာ ဖြစ်သဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပေါက်ကွဲမှုဖြစ်တာမှန်တယ်။ အိမ်တွေပါတုန်တယ်။

ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဗုံးပေါက်ပြီးတော့ ရုတ်ရုတ်သဲသဲတွေတော့ ဖြစ်ကုန်တယ်။ အထိအခိုက်တော့ သေချာမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သောနေရာများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများကို ဖောက်ခွဲတိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် ရှောင်ရှားသွားလာပေးကြရန် Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD တပ်ဖွဲ့တို့က သတိပေးထားသည်။

လွိုင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္ရွိ စစ္တပ္၊ ရဲႏွင့္ ပ်ဴေစာထီးမ်ား အေျခခ်စုေဝးရာ ရခိုင္ရိုးေလးေက်းရြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေဖာက္ခြဲတိုက္ခိုက္

ေဖေဖာ္ဝါရီ ၈

ရန္ကုန္တိုင္း၊ လွိုင္သာယာအေနာက္ပိုင္းၿမိဳ႕နယ္ရွိ စစ္တပ္၊ရဲႏွင့္ ပ်ဴေစာထီးမ်ား အေျခခ်စုေဝးရာ ရခိုင္ရိုးေလးေက်းရြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း Dark Shadow တပ္ဖြဲ႕မွ ရဲေဘာ္အရိပ္(ပန္ဒါ)က ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ ည ၇ နာရီ ၁၀ မိနစ္အခ်ိန္တြင္ Dark Shadow တပ္ဖြဲ႕ႏွင့္ မဟာမိတ္ GOD တပ္ဖြဲ႕တို႔ ပူးေပါင္း အေဝးထိန္းစနစ္ျဖင့္ ရခိုင္ရိုးေလးေက်းရြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၊

အဆိုပါအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စုေဝးရာ ျဖစ္သျဖင့္ စစ္ေရးပစ္မွတ္အျဖစ္ သတ္မွတ္ ေဖာက္ခြဲတိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ေပါက္ကြဲမႈျဖစ္တာမွန္တယ္။ အိမ္ေတြပါတုန္တယ္။

ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးမွာ ဗုံးေပါက္ၿပီးေတာ့ ႐ုတ္႐ုတ္သဲသဲေတြေတာ့ ျဖစ္ကုန္တယ္။ အထိအခိုက္ေတာ့ ေသခ်ာမသိဘူး” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

ရန္ကုန္ၿမိဳ႕ၿပ ေျပာက္က်ားတပ္ဖြဲ႕အေနျဖင့္ စစ္ေကာင္စီႏွင့္ပတ္သက္ေသာေနရာမ်ား၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား စုေဝးရာေနရာမ်ားကို ေဖာက္ခြဲတိုက္ခိုက္မည္ျဖစ္၍ ျပည္သူမ်ားအေနျဖင့္ ေရွာင္ရွားသြားလာေပးၾကရန္ Dark Shadow တပ္ဖြဲ႕ႏွင့္ မဟာမိတ္ GOD တပ္ဖြဲ႕တို႔က သတိေပးထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *