စောစီးသတင်းကောင်းကြားရပြန်ပြီ တစ်လှိုင်း🌊ပြီးတစ်လှိုင်း သိမ်းနေတာနော်

အမှတ် ၃၁ ရဲတပ်ရင်း မှလွဲ၍ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်ရင်းစခန်းများ အားလုံးကို သိမ်းပိုက်ရရှိဟု AA ကကြေညာ

တိုက်ပွဲများ ပြင်းထန်နေသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့တို့တိုတွင် မြောက်ဦးမြို့ရှိ စစ်ကောင်စီ တပ်ရင်း (၃) ရင်းစလုံးနှင့် မင်းပြားရှိ စစ်ကောင်စီတပ်ရင်း တပ်ရင်းသုံးတို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီး ဖြစ်သည်။

“ရက္ခိုင့်တပ်တော်အနေဖြင့် တစ်လကျော်ကြာထိုးစစ်အပြီးတွင် မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို (၃) မြိုရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးထဲမှ မြောက်ဦး၊ ရဲတပ်ရင်း (၃၁) မှလွဲ၍ စခန်းအားလုံးကို ယနေ့၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သိမ်းပိုက်ရယူထားပြီးဖြစ်သည် ” ဟုရေးသားထားသည်။

၁၀၂၇ စစ်ဆင်ရေး ၁၀၄ ရက်မြောက်နေ့တွင် ရခိုင်ဒေသအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရမ်းဗြဲ၊ အမ်းတို့တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ရင်းများ ဖြစ်ကြသည့် မင်းပြားမြို့အခြေစိုက် ခမရ ၃၇၉နှင့် ခမရ ၅၄၁၊ ခမရ ၃၈၀ တပ်ရင်းတို့အား ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကြေညာထားသည်။

Western News-WN
အမွတ္ ၃၁ ရဲတပ္ရင္း မွလြဲ၍ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦးၿမိဳ႕ရွိ စစ္ေကာင္စီတပ္ရင္းစခန္းမ်ား အားလုံးကို သိမ္းပိုက္ရရွိဟု AA ကေၾကညာ

ေဖေဖာ္ဝါရီ ၈

ရကၡိဳင့္တပ္ေတာ္ AA က တစ္လေက်ာ္ၾကာထိုးစစ္အတြင္း ေျမာက္ဦး၊ ရဲတပ္ရင္း (၃၁)မွ လြဲ၍ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦးၿမိဳ႕ စစ္ေကာင္စီတပ္ရင္းမ်ား အားလုံး သိမ္းပိုက္လိုက္ၿပီးျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၇ ရက္ေန႔တြင္ ညီေနာင္မဟာမိတ္အဖြဲ႕က ထုတ္ျပန္သည္။

တိုက္ပြဲမ်ား ျပင္းထန္ေနသည့္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပားၿမိဳ႕တို႔တိုတြင္ ေျမာက္ဦးၿမိဳ႕ရွိ စစ္ေကာင္စီ တပ္ရင္း (၃) ရင္းစလုံးႏွင့္ မင္းျပားရွိ စစ္ေကာင္စီတပ္ရင္း တပ္ရင္းသုံးတို႔ကို ရကၡိဳင့္တပ္ေတာ္ AA က သိမ္းပိုက္လိုက္ၿပီး ျဖစ္သည္။

“ရကၡိဳင့္တပ္ေတာ္အေနျဖင့္ တစ္လေက်ာ္ၾကာထိုးစစ္အၿပီးတြင္ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦးၿမိဳ (၃) ၿမိဳရွိ စစ္ေကာင္စီ၏ တပ္စခန္းမ်ားအားလုံးထဲမွ ေျမာက္ဦး၊ ရဲတပ္ရင္း (၃၁) မွလြဲ၍ စခန္းအားလုံးကို ယေန႔၊ ေဖေဖာ္ဝါရီ (၇) ရက္ေန႔တြင္ သိမ္းပိုက္ရယူထားၿပီးျဖစ္သည္ ” ဟုေရးသားထားသည္။

၁၀၂၇ စစ္ဆင္ေရး ၁၀၄ ရက္ေျမာက္ေန႔တြင္ ရခိုင္ေဒသအတြင္း တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး ေဖေဖာ္ဝါရီလအတြင္း ေျမာက္ဦး၊ ေက်ာက္ေတာ္၊ မင္းျပား၊ ရမ္းျဗဲ၊ အမ္းတို႔တြင္ တိုက္ပြဲမ်ား ျပင္းထန္ေနဆဲျဖစ္ၿပီး စစ္ေကာင္စီတပ္က ေလေၾကာင္းျဖင့္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ခဲ့သည္။

စစ္ေကာင္စီတပ္ရင္းမ်ား ျဖစ္ၾကသည့္ မင္းျပားၿမိဳ႕အေျခစိုက္ ခမရ ၃၇၉ႏွင့္ ခမရ ၅၄၁၊ ခမရ ၃၈၀ တပ္ရင္းတို႔အား ရကၡိဳင့္တပ္ေတာ္ AA က ေဖေဖာ္ဝါရီ ၆ ရက္ေန႔တြင္ တိုက္ခိုက္ သိမ္းပိုက္ရရွိခဲ့ေၾကာင္း ေၾကညာထားသည္။
Western News-WN

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *