မြောက်ခင်ရန်းရွာက ငါတို့ သူရဲကောင်း နှစ်ဦးအတွက် ပြန်ပေးသင့်တဲ့ အရာက ဘာလဲဆိုတာပြောရဦးမှာလား။

ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်တပ်နှင့်တော်လှန်ရေးရဲဘော်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ခံ

ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ရဲဘော်များ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ စစ်ကောင်စီ တပ်သား ၃ ဦး လက်နက်ချ အညံ့ ခံ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း – ၃ အာဠာဝက စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ စက်ကုန်းကျေးရွာမှ သပြေခင်ကျေးရွာကို စစ် ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂၅၀ ဝန်းကျင်ပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ ၁ အာဠာဝက စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့ခံရန် ကြိုးစားသော်လည်း နောက်တွင်ရှိနေသည့်အကြမ်း ဖက် စစ်တပ်မှ အရာရှိများက ပစ်ခတ်နေသောကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးသာ ပြည်သူ့ကာကွယ်ရေး တပ်မတော် ရိုးမ ၁ အာဠာဝက စစ်ကြောင်းထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ကျော် ထိခိုက်သေဆုံးမှုရှိပြီး ညနေ ၆ နာရီ မိနစ် ၃၀ ခန့်တွင် ယင်းစစ်ကြောင်းသည် စက်ကုန်းရွာ အတွင်း ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီ တပ်သားများကို ပြည်သူ့ကာကွယ်​ရေး တပ်မ​တော်၏ စစ်သုံ့ပန်း ဥပဒေနှင့် အညီ ထိန်းသိမ်း ထားပြီး ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက လိုက်လံ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ျဖဴးၿမိဳ႕နယ္၊ သေျပခင္ေက်းရြာကို စစ္ေၾကာင္းထိုး ဝင္ေရာက္ လာသည့္ စစ္တပ္ႏွင့္ေတာ္လွန္ေရးရဲေဘာ္မ်ား တိုက္ပြဲျဖစ္ပြားၿပီး စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈမ်ားျပားကာ စစ္ေကာင္စီ တပ္သား ၃ ဦး လက္နက္ခ် အညံ့ခံ

ေဖေဖာ္ဝါရီ ၇

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ သေျပခင္ေက်းရြာကို စစ္ေၾကာင္းထိုး ဝင္ေရာက္လာသည့္ အၾကမ္းဖက္ စစ္တပ္ႏွင့္ ေတာ္လွန္ေရး ရဲေဘာ္မ်ား တိုက္ပြဲ ျဖစ္ပြားၿပီး စစ္တပ္ဘက္မွ ထိခိုက္ေသဆုံးမႈ မ်ားျပားကာ စစ္ေကာင္စီ တပ္သား ၃ ဦး လက္နက္ခ် အညံ့ ခံ ခဲ့ေၾကာင္း ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ တပ္ရင္း – ၃ အာဠာဝက စစ္ေၾကာင္းက ထုတ္ျပန္ထားသည္။

ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၂၀ မိနစ္ခန႔္တြင္ ျဖဴးၿမိဳ႕နယ္၊ စက္ကုန္းေက်းရြာမွ သေျပခင္ေက်းရြာကို စစ္ ေၾကာင္းထိုး ဝင္ေရာက္လာသည့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား အင္အား ၂၅၀ ဝန္းက်င္ပါ စစ္ေၾကာင္းႏွင့္ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ ရိုးမ ၁ အာဠာဝက စစ္ေၾကာင္းတို႔ ထိေတြ႕တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိေတြ႕တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္သားမ်ား လက္နက္ခ် အညံ့ခံရန္ ႀကိဳးစားေသာ္လည္း ေနာက္တြင္ရွိေနသည့္အၾကမ္း ဖက္ စစ္တပ္မွ အရာရွိမ်ားက ပစ္ခတ္ေနေသာေၾကာင့္ စစ္ေကာင္စီ တပ္သား ၃ ဦးသာ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ ရိုးမ ၁ အာဠာဝက စစ္ေၾကာင္းထံ လက္နက္ခ် အညံ့ခံခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါ တိုက္ပြဲအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ တပ္သား ၆၀ ေက်ာ္ ထိခိုက္ေသဆုံးမႈရွိၿပီး ညေန ၆ နာရီ မိနစ္ ၃၀ ခန႔္တြင္ ယင္းစစ္ေၾကာင္းသည္ စက္ကုန္းရြာ အတြင္း ျပန္လည္ ဆုတ္ခြာ ထြက္ေျပးသြားေၾကာင္း သိရသည္။

လက္ရွိခ်ိန္တြင္ လက္နက္ခ် အညံ့ခံေသာ စစ္ေကာင္စီ တပ္သားမ်ားကို ျပည္သူ႔ကာကြယ္​ေရး တပ္မ​ေတာ္၏ စစ္သုံ႔ပန္း ဥပေဒႏွင့္ အညီ ထိန္းသိမ္း ထားၿပီး ဆုတ္ခြာ ထြက္ေျပးသြားေသာ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းကို ေတာ္လွန္ေရး ရဲေဘာ္မ်ားက လိုက္လံ တိုက္ခိုက္လ်က္ရွိေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *