သာလီစွပါ💖🚩 သိမ်းချက်တွေ အရမ်းမိုက်တယ် 💖🥰💖

“တောင်ပြိုလက်ဝဲ ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် AA သိမ်းပိုက်စဥ် စစ်ကောင်စီတပ်သား အလောင်း ၅၀ ခန့်နှင့် အရှင်ဖမ်းဆီးရမိသူ ၃၀ ခန့်ရှိ”
ရခိုင်ပြည်နယ်၊ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် AA သိမ်းပိုက်စဥ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ရုပ်အလောင်း ၅၀ ခန့်နှင့် အရှင်ဖမ်းဆီးရမိသူ ၃၀ ခန့်ရှိကြောင်း သိရပါတယ်။

ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွင် “ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောရှိ တောင်ပြိုလက်ဝဲ စခန်းအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ တတိယမြောက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် ဘင်္ဂလာဒေ့ရှ် နယ်စပ်ဘက်ခြမ်းသို့ လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်

စုစုပေါင်းမှာ သုံးရက်အတွင်း ၂၀၀ အထက် ရှိသွားပြီဖြစ်သည်” ဟု ဖော်ပြထားသော်လည်း သေဆုံးခဲ့တဲ့ အကြမ်းဖက် စစ်သား အရေအတွက်နဲ့ အရှင်ဖမ်းဆီး ရမိခဲ့တဲ့ စစ်သုံ့ပန်းတွေအကြောင်းကို ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၄ ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်အစောပိုင်းအချိန်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အမြောက်အများနှင့် စစ်တပ်သုံး ကားအစီး ၂၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ နယ်ခြားစောင့်် တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဖက်သို့ မထွက်ပြေးမီ ARSA၊ RSO အဖွဲ့များကို လက်နက်များ ပေးထားခဲ့ကြောင်းလည်း သိရပြီး ယင်းလက်နက်များကိုလည်း ရက္ခိုင့်တပ်တော် AA က ပြန်လည် ရရှိထားပြီဖြစ်ကြောင်း သိရှိရပါတယ်။
#4C_TruthNews





ဒါ့အပြင် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်ဖက်သို့ မထွက်ပြေးမီ ARSA၊ RSO အဖွဲ့များကို လက်နက်များ ပေးထားခဲ့ကြောင်းလည်း သိရပြီး ယင်းလက်နက်များကိုလည်း ရက္ခိုင့်တပ်တော် AA က ပြန်လည် ရရှိထားပြီဖြစ်ကြောင်း သိရှိရပါတယ်။
#4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *