လေယာဉ်လာကျဲနေတာ အသံကြီးတွေ ကြက်သီးထ (ရုပ်/သံ)
ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှာ ဗုံးကြဲတိုက်ခိုက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရ (ရုပ်/သံ)
ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၄
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးမဟာမိတ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှာ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာ ကမ္မဌာန်းကျောင်းအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်း လက်နက်ကြီးတွေ ပစ်ခတ်တဲ့အတွက် လွယ်ပွတ်ကျေးရွာ နေအိမ်အချို့ ပျက်စီးထိခိုက်မှုရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို PNLO က ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ပြီး စစ်ကောင်စီတပ်က ရွာအတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *