ပြောပါတယ် ရာထူးတိုးတာနဲ့ ရှောတာဘဲလို့

ချင်းပြည်နယ်၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရပ်သေဆုံးမှု စစ်ဘက်သတင်းရင်းမြစ်အတည်ပြု

ဖေဖော်ဝါရီ ၇

ချင်းပြည်နယ်၊ စစ်ဗျူဟာ(အခြေချ) ဟားခါးမှစစ်ဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် နှလုံးရပ်သေဆုံးသွားသည်ဆိုသော သတင်းမှာ မှန်ကန်မှုရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်အတည်ပြုပြောဆိုသည်။

စစ်တက္ကသိုလ်အပတ်စဉ် DSA ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး ဟိန်းထက်အောင်သည် ခြေလျင်စစ်သားဘ၀မှ တက္ကသိုလ်ဝင်တန်း စားမေးပွဲ ဖြေဆို၍ ဗိုလ်သင်တန်းတက်ခွင့်ရရှိကာ ဗိုလ်မှူးကြီး ဖြစ်လာခဲ့သူဖြစ်ကြောင်း၊

၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် မင်းတပ်မြို့နယ် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အဆင့်မှ စစ်ဗျူဟာအခြေချ (ဟားခါး) ၏ စစ်ဗျူဟာမှူးအဖြစ် ရာထူးတိုးပြောင်းရွှေ့ခံရသူ ဖြစ်ကြောင်း သိရှိရသည်။

“ကိုဟိန်းထက်အောင်က အပတ်စဉ် ၄၂ က။ သူ့လက်အောက် တပ်ရင်း ၃ရင်း ကလူတွေ ထွက်ပြေးတာများလို့ နေပြည်တော်က ဖိအာပေးတယ်။ နမခကလည်း ဖိအားပေးတယ်။ အရင်က သူ့မှာ နှလုံးရောဂါခံလည်းမရှိပါဘူး။

သူက ခြေလျင်စစ်သားဘဝကနေ ဗိုလ်မှူးကြီး အဆင့်ဆင့်ရာထူးရလာသူပါ။ ရုတ်တရက် နှလုံးရပ်ပြီးဆုံးသွားတာ။ အမြဲစစ်တိုက်နေပါတယ်ဆိုတဲ့လူတောင် နှလုံးရပ်သေတာ စစ်မတိုက်ဘူးတဲ့ သူတွေ ဆိုရင်တော့ ပြောမနေပါနဲ့တော့” ဟု စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ဗိုလ်မှူးကြီး ဟိန်းထက်အောင်က မသေဆုံးမီ ၎င်း၏ အလုပ်များနှင့်ပတ်သက်၍ ပင်ပန်းလွန်းနေသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်ဟု စစ်ဗျူဟာအခြေချ (ဟားခါး)မှ သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

ခ်င္းျပည္နယ္၊ စစ္ဗ်ဴဟာ(အေျခခ်) ဟားခါးမွစစ္ဗ်ဴဟာမႉးဗိုလ္မႉးႀကီး ဟိန္းထက္ေအာင္ ႏွလုံးရပ္ေသဆုံးမႈ စစ္ဘက္သတင္းရင္းျမစ္အတည္ျပဳ

ေဖေဖာ္ဝါရီ ၇

ခ်င္းျပည္နယ္၊ စစ္ဗ်ဴဟာ(အေျခခ်) ဟားခါးမွစစ္ဗ်ဴဟာမႉးဗိုလ္မႉးႀကီး ဟိန္းထက္ေအာင္ ႏွလုံးရပ္ေသဆုံးသြားသည္ဆိုေသာ သတင္းမွာ မွန္ကန္မႈရွိေၾကာင္း စစ္ဘက္သတင္းရင္းျမစ္အတည္ျပဳေျပာဆိုသည္။

စစ္တကၠသိုလ္အပတ္စဥ္ DSA ၄၂ ေက်ာင္းဆင္း ဗိုလ္မႉးႀကီး ဟိန္းထက္ေအာင္သည္ ေျခလ်င္စစ္သားဘ၀မွ တကၠသိုလ္ဝင္တန္း စားေမးပြဲ ေျဖဆို၍ ဗိုလ္သင္တန္းတက္ခြင့္ရရွိကာ ဗိုလ္မႉးႀကီး ျဖစ္လာခဲ့သူျဖစ္ေၾကာင္း၊

၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလ တြင္ မင္းတပ္ၿမိဳ႕နယ္ စစ္နယ္ေျမမႉး ဗိုလ္မႉးႀကီး အဆင့္မွ စစ္ဗ်ဴဟာအေျခခ် (ဟားခါး) ၏ စစ္ဗ်ဴဟာမႉးအျဖစ္ ရာထူးတိုးေျပာင္းေရႊ႕ခံရသူ ျဖစ္ေၾကာင္း သိရွိရသည္။

“ကိုဟိန္းထက္ေအာင္က အပတ္စဥ္ ၄၂ က။ သူ႔လက္ေအာက္ တပ္ရင္း ၃ရင္း ကလူေတြ ထြက္ေျပးတာမ်ားလို႔ ေနျပည္ေတာ္က ဖိအာေပးတယ္။ နမခကလည္း ဖိအားေပးတယ္။ အရင္က သူ႔မွာ ႏွလုံးေရာဂါခံလည္းမရွိပါဘူး။

သူက ေျခလ်င္စစ္သားဘဝကေန ဗိုလ္မႉးႀကီး အဆင့္ဆင့္ရာထူးရလာသူပါ။ ႐ုတ္တရက္ ႏွလုံးရပ္ၿပီးဆုံးသြားတာ။ အျမဲစစ္တိုက္ေနပါတယ္ဆိုတဲ့လူေတာင္ ႏွလုံးရပ္ေသတာ စစ္မတိုက္ဘူးတဲ့ သူေတြ ဆိုရင္ေတာ့ ေျပာမေနပါနဲ႔ေတာ့” ဟု စစ္ဘက္သတင္းရင္းျမစ္က ရွင္းျပသည္။

ဗိုလ္မႉးႀကီး ဟိန္းထက္ေအာင္က မေသဆုံးမီ ၎၏ အလုပ္မ်ားႏွင့္ပတ္သက္၍ ပင္ပန္းလြန္းေနသည္ဟု ထုတ္ေဖာ္ေျပာဆိုခဲ့သည္ဟု စစ္ဗ်ဴဟာအေျခခ် (ဟားခါး)မွ သတင္းရင္းျမစ္တစ္ခုက ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *