သတင်းကောင်းတော့ တက်လာပြီ သာလီစွပါ ဗျူဟာကုန်း၂ခုတဲ့ စွပုရေ

မောင်တောမြို့နယ်၊ တောင်ပြို ဗျူဟာကုန်း ၂ ခုကို AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃၀ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေ

ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်ပြို (လက်ဝဲ) ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်လိုက်​ကြောင်း ခိုင်လုံသည့် ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင် တောင်ပြိုလက်ဝဲ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြောင်း ဒေသမီဒီယာများက သတင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် တောင်ပြို လက်ဝဲဗျူဟာ တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ချို့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း အမည်မဖော်လိုသည့် မောင်တော ဒေသခံတစ်ဦးက ပြောဆိုသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ” ဒီနေ့မှာတော့ တောင်ပြို လက်ဝဲဗျူဟာကို AA က ထပ်မံပြီးတော့ သိမ်းပိုက်လိုက်ပါတယ်။ ဒီနေ့ နေ့လယ် ၁၂ နာရီကျော်လောက်က ဖြစ်ပါမယ်။ အဲ့ဒီမှာ တော်တော်များများ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

တော်တော်များများ ဘင်္ဂလားဒေ့ရှ် အခြမ်းဘက်ကို ပြေးကြပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က တောင်ပြို (လက်ယာ) စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ခဲ့တယ်။ အဲ့ဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ထွက်ပြေးကြတာရှိပါတယ်”ဟုပြောသည်။

အကြမ်းဖက် စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်စခန်းများဖြစ်သော ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို လက်ဝဲ-လက်ယာစခန်း နှစ်ခုကို ရက္ခိုင့်တပ်တော်က အင်အား အများအပြားဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တောင်ပြို လက်ဝဲဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်ချိန်တွင် စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၃၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထပ်မံထွက်ပြေးသွားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက မီဒီယာများ၏ဖော်ပြချက်အရ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်ပြိုလက်ဝဲ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစု ၂၂၉ ဦး ထပ်မံထွက်ပြေး ဝင်ရောက်လာကြောင်း၊ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ ၆၀ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြပြီး ယခု အရေအတွက်သည် လက်ရှိတွင် ပိုများနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဖော်ပြသည်။

အဆိုပါ မောင်တောမြို့ရှိ တောင်ပြို လက်ဝဲ-လက်ယာစခန်းနှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တောင်ပြို (လက်ယာ) စခန်းအား ယမန့်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကာ ကျန်ရှိနေသည့် တောင်ပြို လက်ဝဲကုန်းကို AA က ထပ်မံ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ သတိပေး ထုတ်ပြန်ချက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရ မည်ဖြစ်ကြောင်း သတိပေး ပြောဆိုခဲ့သည်။

ေမာင္ေတာၿမိဳ႕နယ္၊ ေတာင္ၿပိဳ ဗ်ဴဟာကုန္း ၂ ခုကို AA က တိုက္ခိုက္ သိမ္းပိုက္လိုက္ၿပီး စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ ၁၃၀ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးေန

ေဖေဖာ္ဝါရီ ၆

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းရွိ အၾကမ္းဖက္ စစ္တပ္၏ ေတာင္ၿပိဳ (လက္ဝဲ) ဗ်ဴဟာကုန္းကို ရကၡိဳင့္တပ္ေတာ္ AA က တိုက္ခိုက္ သိမ္းပိုက္လိုက္​ေၾကာင္း ခိုင္လုံသည့္ ေဒသတြင္ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ယေန႔ ေဖေဖာ္ဝါရီ ၆ ရက္ေန႔ နံနက္ပိုင္းတြင္ ေတာင္ၿပိဳလက္ဝဲ ဗ်ဴဟာကုန္းကို ရကၡိဳင့္တပ္ေတာ္ AA က တိုက္ခိုက္ သိမ္းပိုက္ခ်ိန္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၃၀ ေက်ာ္သည္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးသြားေၾကာင္း ေဒသမီဒီယာမ်ားက သတင္း ေဖာ္ျပထားသည္။

ေဖေဖာ္ဝါရီ ၆ ရက္ေန႔ နံနက္ပိုင္း အခ်ိန္တြင္ ေတာင္ၿပိဳ လက္ဝဲဗ်ဴဟာ တစ္ခုလုံးကို ရကၡိဳင့္တပ္ေတာ္ AA က တိုက္ခိုက္ သိမ္းပိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ တစ္ခ်ိဳ႕ သည္ ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ထြက္ေျပးသြားေၾကာင္း အမည္မေဖာ္လိုသည့္ ေမာင္ေတာ ေဒသခံတစ္ဦးက ေျပာဆိုသည္။

အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ” ဒီေန႔မွာေတာ့ ေတာင္ၿပိဳ လက္ဝဲဗ်ဴဟာကို AA က ထပ္မံၿပီးေတာ့ သိမ္းပိုက္လိုက္ပါတယ္။ ဒီေန႔ ေန႔လယ္ ၁၂ နာရီေက်ာ္ေလာက္က ျဖစ္ပါမယ္။ အဲ့ဒီမွာ ေတာ္ေတာ္မ်ားမ်ား စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ေသဆုံးမႈေတြ ရွိတယ္လို႔ သိရပါတယ္။

ေတာ္ေတာ္မ်ားမ်ား ဘဂၤလားေဒ့ရွ္ အျခမ္းဘက္ကို ေျပးၾကပါတယ္။ ေဖေဖာ္ဝါရီ ၄ ရက္ေန႔က ေတာင္ၿပိဳ (လက္ယာ) စခန္းကို AA က တိုက္ခိုက္ သိမ္းပိုက္ခဲ့တယ္။ အဲ့ဒီမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဘဂၤလားေဒ့ရွ္နိုင္ငံ ကို ထြက္ေျပးၾကတာရွိပါတယ္”ဟုေျပာသည္။

အၾကမ္းဖက္ စစ္ေကာင္စီ၏ နယ္ျခားေစာင့္ တပ္စခန္းမ်ားျဖစ္ေသာ ဘဂၤလားေဒ့ရွ္နယ္စပ္၊ ေမာင္ေတာၿမိဳ႕ရွိ ေတာင္ၿပိဳ လက္ဝဲ-လက္ယာစခန္း ႏွစ္ခုကို ရကၡိဳင့္တပ္ေတာ္က အင္အား အမ်ားအျပားျဖင့္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

ေတာင္ၿပိဳ လက္ဝဲဗ်ဴဟာကုန္းကို ရကၡိဳင့္တပ္ေတာ္ AA က ထပ္မံ တိုက္ခိုက္ သိမ္းပိုက္ခ်ိန္တြင္ စစ္ေကာင္စီ နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္ ၁၃၀ ေက်ာ္ ဘဂၤလားေဒ့ရွ္နိုင္ငံသို႔ ထပ္မံထြက္ေျပးသြားေၾကာင္း ဘဂၤလားေဒ့ရွ္ မီဒီယာမ်ားက ေဖာ္ျပသည္။

ဘဂၤလားေဒ့ရွ္နိုင္ငံအတြင္းက မီဒီယာမ်ား၏ေဖာ္ျပခ်က္အရ ယေန႔ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔တြင္ ေတာင္ၿပိဳလက္ဝဲ ဗ်ဴဟာကုန္းမွ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစု ၂၂၉ ဦး ထပ္မံထြက္ေျပး ဝင္ေရာက္လာေၾကာင္း၊ ယမန္ေန႔ ေဖေဖာ္ဝါရီ ၅ ရက္ေန႔ကလည္း စစ္ေကာင္စီနယ္ျခားေစာင့္တပ္ဖြဲ႕ ၆၀ ေက်ာ္ ဘဂၤလားေဒ့ရွ္သို႔ ထြက္ေျပးသြားၾကၿပီး ယခု အေရအတြက္သည္ လက္ရွိတြင္ ပိုမ်ားနိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္ မီဒီယာမ်ားက ေဖာ္ျပသည္။

အဆိုပါ ေမာင္ေတာၿမိဳ႕ရွိ ေတာင္ၿပိဳ လက္ဝဲ-လက္ယာစခန္းႏွစ္ခုအား ရကၡိဳင့္တပ္ေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး ေတာင္ၿပိဳ (လက္ယာ) စခန္းအား ယမန႔္ေန႔တြင္ သိမ္းပိုက္ရရွိခဲ့ကာ က်န္ရွိေနသည့္ ေတာင္ၿပိဳ လက္ဝဲကုန္းကို AA က ထပ္မံ တိုက္ခိုက္ျခင္း ျဖစ္ေၾကာင္း၊ အဆိုပါ တိုက္ပြဲႏွင့္ ပတ္သက္၍ ရကၡိဳင့္တပ္ေတာ္ AA ၏ သတိေပး ထုတ္ျပန္ခ်က္တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား အေနျဖင့္ လက္နက္ခ်အညံ့ခံပါက အသက္ခ်မ္းသာရာရ မည္ျဖစ္ေၾကာင္း သတိေပး ေျပာဆိုခဲ့သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *