မြင်ရတာ ရင်နာလိုက်တာ…. လုပ်ရက်ကြတယ် ကွာ..သံသရာဆိုတာလည်စမြဲပါ အလှည့်ဆိုတာလာပါလိမ့်မယ်။
ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် စစ်တပ်က တော်လှန်ရေး ရဲဘော် ၂ ဦးကို သံကြိုးတုပ်၍ အရှင်လတ်လတ် မီးရှို့သ◌က်ဖြက်ပြီး အောင်ပွဲခံ
ဖေဖော်ဝါရီ ၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေ လက်အောက်ခံ မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့်
စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦးကို အရှင်ဖမ်းဆီးရရှိချိန်တွင် ဖမ်းဆီးနှိပ်စက်ပြီး အရှင်လတ်လတ်မီးရှို့သ◌က်ဖြက်ပြီး ခဲ့ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးတပ်ဖွဲ့၊ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်း အဖွဲ့YDF ၊ YPDF ၊ CNA ၊ CDF-KKG ၊ နဂါးညီနောင်ပကဖ၊ ယောညီနောင်ပကဖ ပူးပေါင်းထားသော မဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ကြောင်း
တိုက်ပွဲတွင် တော်လှန်ရေးရဲဘော် ၂ ဦးကို မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးတပ်ဖွဲ့နှင့် စစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းရဲဘော် ၂ ဦးကို သံကြိုးများတုပ်ကာ သက်ဖြက်ခဲ့ကြောင်း သိရှိရသည်
ပျူစောထီးများ၏ အရှင်လတ်လတ် သက်ဖြက်မှု ခံခဲ့ရသော တော်လှန်ရေးရဲဘော် ၂ ဦး အကြောင်း စုံစမ်းရာ YDF တပ်မှဖြစ်ပြီး ရဲဘော်နှစ်ဦးသည် စမိတ်ကျေးရွာနှင့် ဇီးပြားကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။ခေတ်သစ်အနေဖြင့် YDF တော်လှန်ရေးတပ်ဖွဲ့မှ အတည်ပြုချက်ကို ရယူရန် ဆက်လက် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်
“ဒီလောက်ရက်ရက်စက်စက် လုပ်ထားတဲ့ကျေးရွာဗျ။ မြောက်ခင်ရန်းကျေးရွာက ပျူစောထီးခေါင်းဆောင် ထက်ဝေဦးက ဦးဆောင်ပြီး သက်တာ။ ဒီလို သက်ဖြတ်မှုကို ကမ္ဘာကိုလည်း သိစေချင်တယ်” ဟု ဂန့်ဂေါဒေသမှ သတင်းရင်းမြစ်က ပြောဆိုသည်
(မြောက်ခင်ရန်းကျေးရွာရှိ ပျူစောထီးနှင့် စစ်တပ်က သက်ဖြက်လိုက်သော တော်လှန်ရေးရဲဘော် နှစ်ဦးနှင့်ပတ်သက်သော ဓာတ်ပုံ၊ ဗီဒီယိုများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ )
ဖေဖော်ဝါရီ ၆
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *