ထပ်ပျော်လိုက်ကြဦး အမျိုးတို့ ၆၀ ကျော် အLin ဝင်ပီး နှစ်ရင်းသိမ်းပိုက်..

မင်းပြားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် AA ထံ အလင်းဝင်၊ တပ်ရင်းများကို AA က သိမ်းပိုက်လိုက်ပြီးဟု သတင်းများ ထွက်ပေါ်နေ

ဖေဖော်ဝါရီ ၆

ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သည် ယနေ့ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ရက္ခိုင့်တပ်တော် AA ထံ အလင်းဝင်ရောက်ခဲ့ပြီး ကားသုံးစီးဖြင့် ခေါ်ဆောင်သွားကြောင်း မင်းပြား ဒေသခံများက ပြောသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီ ခမရ ၃၈၀ တပ်ရင်းအား ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် AA က သိမ်းပိုက် ရရှိခဲ့ပြီး မင်းပြားတွင် ကျန်ရှိနေသေးသည့် ခမရ ၃၇၉နှင့် ၅၄၁ တို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

မင်းပြားမြို့ မျက်မြင်ဒေသခံတစ်ဦးက ” ဒီကနေ့ မနက်ပိုင်း ၉နာရီလောက်မှာ အလင်းဝင်ကြတယ်လို့ သိရပါတယ်။ AA တပ်ဖွဲ့ဝင်တွေက စစ်ကားသုံးစီးနဲ့ စစ်သားတွေကို သယ်ဆောင်သွားတာတွေ့တယ်။ နောက်ပြီး နောက်ထပ် ကားတစ်စီးရယ်။ မင်းပြားမြို့ထဲကသူတို့တွေကို ခေါ်လာတယ်။ နရမ်းခွဆုံမှ ခဏနားပြီးတော့ တစ်ခြားနေရာကို ယူသွားတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်လောက်ပါတယ်လို့ ပြောလို့ ရနိုင်တယ် “ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီ ခြေကုတ်ယူထားသည့် မင်းပြားတွင် အခြေစိုက် ၃၇၉နှင့် ၅၄၁ တို့ကို ယနေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးဟု သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရရှိသေးပေ။

မင်းပြားဒေသခံ အမျိုးသမီး တစ်ဦးက “စစ်ကားနှစ်စီးနဲ့ သယ်သွားတာ မြင်လိုက်ပါတယ်။ အမျိုးသားတွေ ပါတယ်။ အမျိုးသမီးတွေ ပါတယ်။ ကလေးတွေပါတယ်။ မင်းပြားမြို့ဖက်ကထွက်သွားတာပါ။ ဒီကနေ့ မနက်ပိုင်းက “ဟုပြောသည်။

မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲအချိန်မှ စတင်ပြီး ဂျက်တိုက်လေယာဉ်အပါအဝင် ရဟတ်ယာဉ်များဖြင့် အကြိမ် ၃၀ နီးပါး လာရောက်ဗုံးကြဲနေကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက်တွင် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ဖေဖော်ဝါရီ ၅ ရက်နေ့ ညပိုင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။

စစ်ကောင်စီ ခြေကုတ်ယူထားသည့် မင်းပြားတွင် အခြေစိုက် ခမရ ၃၇၉၊ ၃၈၀နှင့် ၅၄၁ တို့ ရှိကြပြီး ၎င်းတပ်ရင်းများမှ ပြီးခဲ့သည့် တိုက်ပွဲကာလက အရပ်သားများနေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့သည်။

မင္းျပားၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၀ ေက်ာ္ AA ထံ အလင္းဝင္၊ တပ္ရင္းမ်ားကို AA က သိမ္းပိုက္လိုက္ၿပီးဟု သတင္းမ်ား ထြက္ေပၚေန

ေဖေဖာ္ဝါရီ ၆

ရခိုင္ျပည္၊ မင္းျပားၿမိဳ႕တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၀ ေက်ာ္သည္ ယေန႔ေဖေဖာ္ဝါရီ ၆ ရက္ေန႔ နံနက္ပိုင္းက ရကၡိဳင့္တပ္ေတာ္ AA ထံ အလင္းဝင္ေရာက္ခဲ့ၿပီး ကားသုံးစီးျဖင့္ ေခၚေဆာင္သြားေၾကာင္း မင္းျပား ေဒသခံမ်ားက ေျပာသည္။

မင္းျပားအေျခစိုက္ စစ္ေကာင္စီ ခမရ ၃၈၀ တပ္ရင္းအား ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၈ ရက္ေန႔တြင္ AA က သိမ္းပိုက္ ရရွိခဲ့ၿပီး မင္းျပားတြင္ က်န္ရွိေနေသးသည့္ ခမရ ၃၇၉ႏွင့္ ၅၄၁ တို႔ကို ရကၡိဳင့္တပ္ေတာ္ AA က ထိုးစစ္ဆင္ တိုက္ခိုက္ေနျခင္း ျဖစ္သည္။

မင္းျပားၿမိဳ႕ မ်က္ျမင္ေဒသခံတစ္ဦးက ” ဒီကေန႔ မနက္ပိုင္း ၉နာရီေလာက္မွာ အလင္းဝင္ၾကတယ္လို႔ သိရပါတယ္။ AA တပ္ဖြဲ႕ဝင္ေတြက စစ္ကားသုံးစီးနဲ႔ စစ္သားေတြကို သယ္ေဆာင္သြားတာေတြ႕တယ္။ ေနာက္ၿပီး ေနာက္ထပ္ ကားတစ္စီးရယ္။ မင္းျပားၿမိဳ႕ထဲကသူတို႔ေတြကို ေခၚလာတယ္။ နရမ္းခြဆုံမွ ခဏနားၿပီးေတာ့ တစ္ျခားေနရာကို ယူသြားတယ္။ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၀ ေက်ာ္ေလာက္ပါတယ္လို႔ ေျပာလို႔ ရနိုင္တယ္ “ဟုေျပာသည္။

လက္ရွိတြင္ စစ္ေကာင္စီ ေျခကုတ္ယူထားသည့္ မင္းျပားတြင္ အေျခစိုက္ ၃၇၉ႏွင့္ ၅၄၁ တို႔ကို ယေန႔ နံနက္ပိုင္းတြင္ ရကၡိဳင့္တပ္ေတာ္ AA က တိုက္ခိုက္ သိမ္းပိုက္လိုက္ၿပီးဟု သတင္းမ်ား ထြက္ေပၚေနေသာ္လည္း အတည္ျပဳ၍ မရရွိေသးေပ။

မင္းျပားေဒသခံ အမ်ိဳးသမီး တစ္ဦးက “စစ္ကားႏွစ္စီးနဲ႔ သယ္သြားတာ ျမင္လိုက္ပါတယ္။ အမ်ိဳးသားေတြ ပါတယ္။ အမ်ိဳးသမီးေတြ ပါတယ္။ ကေလးေတြပါတယ္။ မင္းျပားၿမိဳ႕ဖက္ကထြက္သြားတာပါ။ ဒီကေန႔ မနက္ပိုင္းက “ဟုေျပာသည္။

မင္းျပားၿမိဳ႕ႏွင့္ ေျမာက္ဦးၿမိဳ႕တို႔ကို ေဖေဖာ္ဝါရီ ၅ ရက္ေန႔ နံနက္ပိုင္း ၉ နာရီခြဲအခ်ိန္မွ စတင္ၿပီး ဂ်က္တိုက္ေလယာဥ္အပါအဝင္ ရဟတ္ယာဥ္မ်ားျဖင့္ အႀကိမ္ ၃၀ နီးပါး လာေရာက္ဗုံးၾကဲေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယင္းေနာက္တြင္ ေဖေဖာ္ဝါရီလ ၅ ရက္၊ နံနက္ ၉ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေျမာက္ဦးအေျခစိုက္ ခမရ (၃၇၈) တပ္ရင္းတို႔ကို သိမ္းပိုက္ခဲ့ေၾကာင္း ရကၡိဳင့္တပ္ေတာ္ AA ေဖေဖာ္ဝါရီ ၅ ရက္ေန႔ ညပိုင္း သတင္းထုတ္ျပန္ ေၾကညာခဲ့သည္။

စစ္ေကာင္စီ ေျခကုတ္ယူထားသည့္ မင္းျပားတြင္ အေျခစိုက္ ခမရ ၃၇၉၊ ၃၈၀ႏွင့္ ၅၄၁ တို႔ ရွိၾကၿပီး ၎တပ္ရင္းမ်ားမွ ၿပီးခဲ့သည့္ တိုက္ပြဲကာလက အရပ္သားမ်ားေနထိုင္သည့္ ေက်းရြာမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ လူေပါင္း ရာႏွင့္ခ်ီ ေသဆုံးခဲ့သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *