မွှင်းခါး ပွဲ ၈၀၀ တက်လာပြီ ပွဲကြီးပွဲကောင်းဘဲ

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ၅ ခု၊ အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၊ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

ဖေဖော်ဝါရီ ၆

တော်လှန်ရေးတပ်များက သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်တပ်က စစ်ကြောင်း ၅ ခု အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာပြီး စစ်ကြောင်းဖြတ်သန်းရာ လမ်းတလျှောက်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း Kawlin Revolution -KR မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်

ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်၍ စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ကောလင်းမြို့နယ် တောင်ဘက်နှင့် မြောက်ဘက်ကို ထိုးစစ်ဆင်လာကြောင်း၊

ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့တို့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက ယနေ့နံနက် ၇ နာရီအချိန် ကောလင်းမြို့နယ် ဝါးရုံခုံကျေးရွာမှ ဇီးခုံကျေးရွာသို့ ရောက်ရှိလာပြီး ဇီးခုံကျေးရွာကို မီးရှို့ ဖျက်ဆီးနေကြောင်း ၊ ယနေ့ နံနက်အစောပိုင်းတွင် ဇီးခုံကျေးရွာအနီးတွင် တိုက်ပွဲ တစ်ကြိမ်၊

ကောလင်းအနောက် ညောင်ပင်သာရွာနှင့်ကျောက်ကာရွာအကြားတွင် တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားကြောင်း၊ စစ်တပ်ဘက်က အထိနာသဖြင့် ဆီဆုံကျေးရွာကို မီးရှို့နေကြောင်း သိရှိရသည်။

ကောလင်းမြောက်ဘက်၊ အောင်ချမ်းသာကျေးရွာနှင့် ပေကုန်းကျေးရွာသို့ ဝန်းသိုတပ်မှ ကား ၂ စီးဖြင့် စစ်အင်အားအများအပြား ဖြည့်တင်းလာကြောင်း ၊ တိုက်ပွဲများမှာ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ကောလင်းကို စစ်အင်အား ၈၀၀ ကျော်၊ စစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ။ ​ကိုးတောင်ဘို့မှထွက်လာသော ကောလင်းတောင်ဘက် လှည်းပွဲရွာတွင်စစ်ကြောင်းတစ်ကြောင်း၊ ကိုးတောင်ဘို့မှထွက်လာသော စစ်ကြောင်း၊

နောက်တစ်ကြောင်းက ဆီဆုံ၊ သရက်ခုံကနေ ထွက်လာတာ။ ဝန်းသိုခမရ ၁၂၀က ထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်း၊ ဝန်းသို ဇီးဖြူပင်ရွာမှ စစ် ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၅ ကြောင်းနဲ့ ထွက်ပြီး တိုက်နေတယ်” ဟု ကောလင်းဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

ေတာ္လွန္ေရးတပ္မ်ား သိမ္းပိုက္ထားေသာ ေကာလင္းၿမိဳ႕ကို စစ္တပ္က စစ္ေၾကာင္း ၅ ခု၊ အင္အား ၈၀၀ ေက်ာ္ျဖင့္ ထိုးစစ္ဆင္ေနၿပီး ေက်းရြာမ်ားကို မီးရွို႔ဖ်က္ဆီးေန၊ တိုက္ပြဲမ်ား အျပင္းအထန္ျဖစ္ေန

ေဖေဖာ္ဝါရီ ၆

ေတာ္လွန္ေရးတပ္မ်ားက သိမ္းပိုက္ထားေသာ စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ႕ကို စစ္တပ္က စစ္ေၾကာင္း ၅ ခု အင္အား ၈၀၀ ေက်ာ္ျဖင့္ ထိုးစစ္ဆင္လာၿပီး စစ္ေၾကာင္းျဖတ္သန္းရာ လမ္းတေလၽွာက္မွ ေက်းရြာမ်ားကို မီးရွို႔ဖ်က္ဆီးေနေၾကာင္း Kawlin Revolution -KR မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္

ေဖေဖာ္ဝါရီလ ၃ ရက္ေန႔မွစတင္၍ စစ္ေကာင္စီတပ္မ်ားက အင္အားအလုံးအရင္းျဖင့္ ေကာလင္းၿမိဳ႕နယ္ ေတာင္ဘက္ႏွင့္ ေျမာက္ဘက္ကို ထိုးစစ္ဆင္လာေၾကာင္း၊

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ႏွင့္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တို႔တြင္ တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားခဲ့ေၾကာင္း၊ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔ ယေန႔တြင္လည္း တိုက္ပြဲမ်ား ဆက္လက္ ျပင္းထန္ေနေၾကာင္း သိရွိရသည္။

စစ္ေကာင္စီတပ္မ်ားက ယေန႔နံနက္ ၇ နာရီအခ်ိန္ ေကာလင္းၿမိဳ႕နယ္ ဝါး႐ုံခုံေက်းရြာမွ ဇီးခုံေက်းရြာသို႔ ေရာက္ရွိလာၿပီး ဇီးခုံေက်းရြာကို မီးရွို႔ ဖ်က္ဆီးေနေၾကာင္း ၊ ယေန႔ နံနက္အေစာပိုင္းတြင္ ဇီးခုံေက်းရြာအနီးတြင္ တိုက္ပြဲ တစ္ႀကိမ္၊

ေကာလင္းအေနာက္ ေညာင္ပင္သာရြာႏွင့္ေက်ာက္ကာရြာအၾကားတြင္ တိုက္ပြဲ တစ္ႀကိမ္ျဖစ္ပြားေၾကာင္း၊ စစ္တပ္ဘက္က အထိနာသျဖင့္ ဆီဆုံေက်းရြာကို မီးရွို႔ေနေၾကာင္း သိရွိရသည္။

ေကာလင္းေျမာက္ဘက္၊ ေအာင္ခ်မ္းသာေက်းရြာႏွင့္ ေပကုန္းေက်းရြာသို႔ ဝန္းသိုတပ္မွ ကား ၂ စီးျဖင့္ စစ္အင္အားအမ်ားအျပား ျဖည့္တင္းလာေၾကာင္း ၊ တိုက္ပြဲမ်ားမွာ ဆက္တိုက္ျဖစ္ပြားေနေၾကာင္း သိရွိရသည္။

“ေကာလင္းကို စစ္အင္အား ၈၀၀ ေက်ာ္၊ စစ္ေၾကာင္း ၅ ေၾကာင္းနဲ႔ ထိုးစစ္ဆင္ေနတာ။ ​ကိုးေတာင္ဘို႔မွထြက္လာေသာ ေကာလင္းေတာင္ဘက္ လွည္းပြဲရြာတြင္စစ္ေၾကာင္းတစ္ေၾကာင္း၊ ကိုးေတာင္ဘို႔မွထြက္လာေသာ စစ္ေၾကာင္း၊

ေနာက္တစ္ေၾကာင္းက ဆီဆုံ၊ သရက္ခုံကေန ထြက္လာတာ။ ဝန္းသိုခမရ ၁၂၀က ထြက္လာတဲ့ စစ္ေၾကာင္းတစ္ေၾကာင္း၊ ဝန္းသို ဇီးျဖဴပင္ရြာမွ စစ္ ေၾကာင္းတစ္ေၾကာင္း စုစုေပါင္း စစ္ေၾကာင္း ၅ ေၾကာင္းနဲ႔ ထြက္ၿပီး တိုက္ေနတယ္” ဟု ေကာလင္းေဒသသတင္းရင္းျမစ္က ရွင္းျပသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *