ညပိုင်းလေး အရမ်းလှသွားပီ. လနက်တွေအများကြီးရပြန်ပြီ
လောက်ကိုင်မြို့ ရှင်းလင်းရေးလုပ်ဆောင်စဉ် လက်နက်မျိုးစုံ အလက် ၆၀၀ကျော် MNDAA သိမ်းဆည်းရရှိ
မုံးကိုးဒေသတပ်ဖွဲ့နှင့် MNDAA တပ်မဟာ(၅၁၁)မှ တပ်သားသစ်များအား လက်နက်တပ်ဆင်ပေး
People’s Spring
ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် ရှင်းလင်းရေးလုပ်ဆောင်စဉ် လက်နက်မျိုးစုံ အလက် ၆၀၀ ကျော်သိမ်းဆည်းရရှိခဲ့ဟု ကိုးကန့် တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။
ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့နယ်ရှိ တရားမဝင် လုပ်ငန်းများ ၊ အွန်လိုင်းလိမ်လည် လုပ်ငန်းများအား ရှင်းလင်းရေးလုပ်ဆောင်စဉ် တရားမဝင် လက်နက်ခဲယမ်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။
“ကျနော်တို့ နဂိုက ရှင်းလင်းရေးလုပ်တဲ့အချိန်မှာ ဆိုက်ဘာမှု ကျားဖျင့် ပေါ့နော်။ အွန်လိုင်းလိမ်လည်မှု အကြွင်းအကျန်တွေကို ကျနော်တို့က ရှင်းလင်းဖို့ ရည်ရွယ်ပြီးလုပ်တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုရှင်းလင်းတဲ့ အချိန်မှာ တရားမဝင် လက်နက်ခဲယမ်းတွေ အများအပြား တွေ့ရှိတာပေါ့။ ဆိုတော့ တရားမဝင် လက်နက်ခဲယမ်းတွေကိုလည်း ဒီတစ်ခေါက် ရှင်းလင်းရေးထဲမှာ လုပ်ဆောင်သွားမှာ”ဟု လီကျာဝင်းက ပြောပြသည်။
ယခုရှင်းလင်းရေး လုပ်ဆောင်စဉ် အွန်လိုင်း လိမ်လည် လုပ်ငန်းလုပ်ကိုင်သူ ၂၃ဦး ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာဌာနသို့ အပ်နှံခဲ့ဟု အသိပေးသည်။
သိမ်းရသည့် လက်နက်များထဲတွင် မောင်းပြန်ရိုင်ဖယ်များ၊ ရော့ကတ်နှင့် စက်သေနတ်မျိုးစုံ၊ လက်နက်ကြီးများ ၊ခဲယမ်းများ ပါဝင်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
MNDAA ၏ တရုတ်ဘာသာဖြင့် အသိပေးချက်တွင် ဖေဖော်ဝါရီ ၃ရက်က ပြုလုပ်သည့် ရှင်းလင်းရေး အစီအစဉ်တွင် လက်နက်မျိုးစုံ ၆၃၁လက် သိမ်းဆည်းရရှိခဲ့ဟု ဖော်ပြသည်။
ထို့ပြင် ကိုးကန့်တပ်ဖွဲ့ဝင် တပ်သားသစ်များကို လက်နက်များ တပ်ဆင်ပေးခဲ့သည်ဟုလည်း MNDAAက တရုတ်ဘာသာဖြင့် ထုတ်ပြန်သည်။
ယင်းနှင့်ပတ်သက်၍ လီကျာဝင်းက “မုန်းကိုးခရိုင်ရဲ့ ဒေသအဖွဲ့ရဲ့ တပ်သားအသစ်တွေ လေ့ကျင့်ရေးပြီးပြီဆိုတော့ သူတို့ကို လက်နက် တွေတပ်ဆင်ပေးတာဖြစ်တယ်။ နောက်ပြီးတော့ တပ်မဟာ(၅၁၁)ရဲ့ တပ်သားသစ် အယောက်ခြောက်ဆယ်လည်း သူတို့ကလည်း လေ့ကျင့်ပြီးလို့ လက်နက်သစ်တွေ တပ်ဆင်ပေးတာဖြစ် တယ်”ဟု ရှင်းပြသည်။
MNDAAသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၃၀၀ နီးပါးနှင့် လောက်ကိုင်၊ ချင်းရွှေဟောင်၊ မုံးကိုး၊ ကွမ်လုံ၊ ကုန်းကြမ်း စသည့်မြို့များကို သိမ်းပိုက်ရရှိခဲ့ပြီး သံချပ်ကာယာဉ်နှင့် တင့်ကားများ ၊ ဟောင်ဝစ်ဇာအမြောက် များ၊ အတွဲလိုက်ဒုံးတင်ယာဉ်နှင့် စက်သေနတ် မျိုးစုံ အများအပြား လက်နက်မျိုးစု ထောင်ချီကို စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိထားသည်။
(လောက်ကိုင်မြို့ကို ရှင်းလင်းရေးလုပ်ဆောင်စဉ် MNDAAသိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – The Kokang)
People’s Spring
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *