အသင့်စောင့်လှော်တာ ညစာတွေရပြန်ပြီ

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ ဆက်ကြေးကောက်ရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်မှု ၇ ဦးသေဆုံး

ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ ဆက်ကြေးကောက်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို စောင့်ကြို တိုက်ခိုက်ရာ ၇ ဦးသေဆုံးခဲ့ကြောင်း Alpha Column မှ စစ်ကြောင်း တာဝန်ခံ ကိုနေကြီးက မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၆ နာရီ ၅၀ ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွာတစ်ဖက်ကမ်း ကူးသည့် ကူးတို့ဆိပ် လမ်းဆုံ၌

ဆက်ကြေး ကောက်ရန် ထွက်ခွာလာစဥ် တော်လှန်ရေး ရဲဘော်များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ညောင်ပင်ကြီး ရဲစခန်းကနေပြီး မုံရွာတစ်ဖက်ကမ်း ကူးတဲ့ ကူးတို့ဆိပ် လမ်းဆုံကို လာပြီး ဆက်ကြေးကောက်ကြတာ အဲ့ဒါကို ကျွန်တော်တို့က မနက် စောစော ဆက်ကြေးကောက်ဖို့ ဂိတ်ဖွင့်ထားတဲ့ ဘန်ကာမှာ

လာစောင့်ပြီး တိုက်ခိုက်ခဲ့တာ တိုက်ပွဲမဖြစ်ခင်မှာ သူတို့လာတဲ့လမ်းမှာ မိုင်း ၃ လုံး ကြိုထောင်ပြီး အနီးကပ် လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့တာ စစ်ခွေး ၇ ကောင် သေပါတယ်” ဟု Alpha Column မှ စစ်ကြောင်း တာဝန်ခံ ကိုနေကြီးက ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားစဥ် အတွင်း မုံရွာတစ်ဖက်ကမ်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဝမ်ပေါင် ဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်နက် ကောက်ယူနိုင်ခြင်း မရှိ​ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်

အဆိုပါ တိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ်လက်ရုံးတပ်၊ Alpha Column ၊ Salingyi Generation Z PDF ၊ Young People Force နှင့် Dragon Brother Task Force(DBTF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဆားလင္းႀကီးၿမိဳ႕နယ္၊ ေညာင္ပင္ႀကီး ရဲစခန္းမွ ဆက္ေၾကးေကာက္ရန္ ထြက္လာသည့္ စစ္ေကာင္စီ တပ္သားမ်ားကို ေစာင့္ႀကိဳ တိုက္ခိုက္မႈ ၇ ဦးေသဆုံး

ေဖေဖာ္ဝါရီ ၅

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ေညာင္ပင္ႀကီး ရဲစခန္းမွ ဆက္ေၾကးေကာက္ရန္ ထြက္လာသည့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားကို ေစာင့္ႀကိဳ တိုက္ခိုက္ရာ ၇ ဦးေသဆုံးခဲ့ေၾကာင္း Alpha Column မွ စစ္ေၾကာင္း တာဝန္ခံ ကိုေနႀကီးက မီဒီယာသို႔ ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ နံနက္ ၆ နာရီ ၅၀ ခန္႔တြင္ ဆားလင္းႀကီးၿမိဳ႕နယ္၊ ေညာင္ပင္ႀကီး ရဲစခန္းမွ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားသည္ မုံရြာတစ္ဖက္ကမ္း ကူးသည့္ ကူးတို႔ဆိပ္ လမ္းဆုံ၌

ဆက္ေၾကး ေကာက္ရန္ ထြက္ခြာလာစဥ္ ေတာ္လွန္ေရး ရဲေဘာ္မ်ားက အသင့္ေစာင့္ႀကိဳ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီ တပ္သား ၇ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

“စစ္ေခြးေတြက ေညာင္ပင္ႀကီး ရဲစခန္းကေနၿပီး မုံရြာတစ္ဖက္ကမ္း ကူးတဲ့ ကူးတို႔ဆိပ္ လမ္းဆုံကို လာၿပီး ဆက္ေၾကးေကာက္ၾကတာ အဲ့ဒါကို ကၽြန္ေတာ္တို႔က မနက္ ေစာေစာ ဆက္ေၾကးေကာက္ဖို႔ ဂိတ္ဖြင့္ထားတဲ့ ဘန္ကာမွာ

လာေစာင့္ၿပီး တိုက္ခိုက္ခဲ့တာ တိုက္ပြဲမျဖစ္ခင္မွာ သူတို႔လာတဲ့လမ္းမွာ မိုင္း ၃ လုံး ႀကိဳေထာင္ၿပီး အနီးကပ္ လက္နက္ငယ္ေတြနဲ႔ စတင္တိုက္ခိုက္ခဲ့တာ စစ္ေခြး ၇ ေကာင္ ေသပါတယ္” ဟု Alpha Column မွ စစ္ေၾကာင္း တာဝန္ခံ ကိုေနႀကီးက ေျပာဆိုသည္။

ထိေတြ႕ တိုက္ပြဲျဖစ္ပြားစဥ္ အတြင္း မုံရြာတစ္ဖက္ကမ္းရွိ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားႏွင့္ ဝမ္ေပါင္ ဂိတ္ရွိ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ကူေပးခဲ့ျခင္းေၾကာင့္ ေတာ္လွန္ေရး တပ္ဖြဲ႕ဝင္မ်ား လက္နက္ ေကာက္ယူနိုင္ျခင္း မရွိ​ဘဲ ျပန္လည္ ဆုတ္ခြာခဲ့ရေၾကာင္း သိရသည္

အဆိုပါ တိုက္ခိုက္မႈကို ဆားလင္းႀကီးၿမိဳ႕နယ္လက္႐ုံးတပ္၊ Alpha Column ၊ Salingyi Generation Z PDF ၊ Young People Force ႏွင့္ Dragon Brother Task Force(DBTF) တို႔က ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *