သတင်းကောင်း သိမ်းလိုက်တဲ့ပစ္စည်းတွေ ပြန်သုံးရတော့မယ် ဂွတ်ရှယ်ကြီး😋

TNLA က သိမ်းပိုက်ထားသော မန်တုံ ခလရ ၁၃၀ စစ်တပ်ကုန်းကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ် ရေးရာဒုဝန်ကြီးတို့ သွားရောက် ကြည့်ရှု

ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ TNLA က သိမ်းပိုက်ထားသော မန်တုံ ခလရ ၁၃၀ စစ်တပ်ကုန်းကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ သွားရောက် ကြည့်ရှုကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မန်တုံမြိုနယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး

ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့က သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်



အဆိုပါစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မန်တုံမြို့ သည် PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည့် လေးခုမြောက်မြို့လည်းဖြစ်ကြောင်း သိရှိရသည်။


ဖေဖော်ဝါရီ ၅





Author: admin

Leave a Reply

Your email address will not be published. Required fields are marked *