အယ်ဘရေ မိုက်တဲတော့ ကုန်ပီ (ရုပ်/သံ)

နွားထိုးကြီးတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီး၊ စစ်တပ်စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး (ရုပ်/သံ)

ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီ တပ်သားလိုက်ပါသော ကား များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ မှတ်ခရာကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် နွားထိုးကြီး -မြင်းခြံလမ်းပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ် သား ၅၀ ခန့်လိုက်ပါလာသည့် ကား ၂ စီးကို ၃ ကြိမ်မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်ပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေစဉ် Fixed Wings ဒရုန်းလေယာဉ်များဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ ရဲစခန်းကို Drone ဖြင့် ဗုံးသီး ၂ လုံး၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားနေထိုင်ရာ လျှပ်စစ်ဓာတ် အားပေးခွဲရုံကို ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း NRDF၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် Myingyan District Drone Strike အမှတ် – 1848 ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ႏြားထိုးႀကီးတြင္ စစ္တပ္ပိုင္ Mytel တာဝါတိုင္ကို မိုင္းခြဲဖ်က္ဆီး၊ စစ္တပ္စစ္ေၾကာင္းကို ဗုံးက်ဲ တိုက္ခိုက္မႈ ၂ ဦးေသဆုံး (႐ုပ္/သံ)

ေဖေဖာ္ဝါရီ ၅

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္တြင္ စစ္တပ္ပိုင္ Mytel တာဝါတိုင္ကို မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း၊ ယင္းေနာက္ စစ္ေကာင္စီ တပ္သားလိုက္ပါေသာ ကား မ်ားကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီ တပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း ျမင္းၿခံခရိုင္ တပ္ ရင္း ၄ ႏြားထိုးႀကီး PDF ထံမွ သိရသည္။

ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ မြန္းတည့္ ၁၂ နာရီခန႔္အခ်ိန္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ မွတ္ခရာေက်းရြာရွိ အၾကမ္းဖက္စစ္အုပ္စုပိုင္ Mytel တာဝါတိုင္ကို မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ မြန္းလြဲ ၁ နာရီဝန္းက်င္အခ်ိန္ ႏြားထိုးႀကီး -ျမင္းၿခံလမ္းပိုင္း၌ အၾကမ္းဖက္စစ္ေကာင္စီတပ္ သား ၅၀ ခန႔္လိုက္ပါလာသည့္ ကား ၂ စီးကို ၃ ႀကိမ္မိုင္းဆြဲ တိုက္ ခိုက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ စစ္တပ္စစ္ေၾကာင္းက သာယာကုန္းေက်းရြာအတြင္းသို႔ ဝင္ေရာက္ၿပီး ျပည္ပိုင္ပစၥည္းမ်ားကို ေဖာက္ထြင္းခိုးယူေနစဥ္ Fixed Wings ဒ႐ုန္းေလယာဥ္မ်ားျဖင့္ ဗုံးသီး ၁ လုံး က်ဲခ်တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၂ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ညေန ၄ နာရီခြဲခန႔္အခ်ိန္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျပင္စည္ေက်းရြာရွိ ရဲစခန္းကို Drone ျဖင့္ ဗုံးသီး ၂ လုံး၊ စစ္ေကာင္စီတပ္သားမ်ား တပ္စြဲထားေနထိုင္ရာ လၽွပ္စစ္ဓာတ္ အားေပးခြဲ႐ုံကို ဗုံးသီး ၁ လုံး က်ဲခ် တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္သား ထိခိုက္ေသဆုံးမႈကို စုံစမ္း ေနဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈကို Natogyi People Defense Force ျမင္းၿခံခရိုင္ အမွတ္ ၄ တပ္ရင္း၊ ျမင္းၿခံ ခရိုင္ အမွတ္ ၈ တပ္ရင္း NRDF၊ ႏြားထိုးႀကီးၿမိဳ႕နယ္ ပကဖႏွင့္ Myingyan District Drone Strike အမွတ္ – 1848 ဒ႐ုန္းတပ္ဖြဲ႕တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *