DB ၃လောင်းတွေ့ထားတယ် ဆုံးရှုံးမှု များလိုက်တာ (ရုပ်/သံ)

ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်း မီးလောင်ပြင်မှ အလောင်း ၃ လောင်းတွေ့ရှိ၊ ရွှေယုန်လေးကားဂိတ်မှ ဝန်ထမ်း ၃ ဦး မီးလောင်သေဆုံးခဲ့ဟုဆို

ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယနေ့ နံနက်ပိုင်း မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးလောင်ပြင်မှ အလောင်း ၃ လောင်း တွေ့ရှိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယနေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန်မှစတင်၍ နံနက် ၆ နာရီအချိန်အထိ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ပစောက်ဝင်း၊ တနင်္သာရီလမ်း၊ ရွှေယုန်လေးကားဂိတ်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်းထက်မနည်း

မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သွားသော ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုချသောအခါ မီးစတင်လောင်ကျွမ်းသော ရွှေလင်းယုန်ကားဂိတ်မှ အလောင်း ၃ လောင်းတွေ့ရှိရကြောင်း သိရှိရသည်

“၃ယောက်သေတာ အတည်ပြုတယ်။ ၁ ယောက်ကရေပုံးအပြာထဲဝင်လျက်သေနေတာတွေ့ရတယ်။ ၂ ယောက်က မီးကျွမ်းနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

“လောင်ကတာက ပစောက်ဝင်းထဲမှာ၊ တနင်္သာရီလမ်းထဲမှာ လောင်တာ။ ပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ စလောင်တာ။ မီးထဲပါသွားတာက ဝင်းကားဂိတ် ၊ ရာဇာမင်းကားဂိတ်၊

အောင်ကျော်ဇောကားဂိတ်၊ ကားလက်မှတ်အရောင်းဂိတ်တွေ ပါကုန်တယ်။ ဆိုင်တွေက ၁၀ ခန်းထက်မနည်းပဲ ပါသွားတာ။ကုန်တွေ၊ စာရွက်စာတမ်းတွေ အကုန်ပါသွားတယ်” ဟု ကားဝင်းအတွင်းနေထိုင်သူတစ်ဦးက ပြောဆိုသည်။

ရန္ကုန္ေအာင္မဂၤလာအေဝးေျပးဝင္း မီးေလာင္ျပင္မွ အေလာင္း ၃ ေလာင္းေတြ႕ရွိ၊ ေရႊယုန္ေလးကားဂိတ္မွ ဝန္ထမ္း ၃ ဦး မီးေလာင္ေသဆုံးခဲ့ဟုဆို

ေဖေဖာ္ဝါရီ ၅

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေအာင္မဂၤလာအေဝးေျပးဝင္းတြင္ ယေန႔ နံနက္ပိုင္း မီးေလာင္မႈ ျဖစ္ပြားၿပီးေနာက္ မီးေလာင္ျပင္မွ အေလာင္း ၃ ေလာင္း ေတြ႕ရွိရေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။

ယေန႔ နံနက္ ၅ နာရီ ၅ မိနစ္အခ်ိန္မွစတင္၍ နံနက္ ၆ နာရီအခ်ိန္အထိ ေအာင္မဂၤလာအေဝးေျပးဝင္း၊ ပေစာက္ဝင္း၊ တနသၤာရီလမ္း၊ ေရႊယုန္ေလးကားဂိတ္မွ မီးစတင္ေလာင္ကၽြမ္းခဲ့ေၾကာင္း၊ မီးေလာင္ကၽြမ္းမႈေၾကာင့္ ကားဂိတ္ႏွင့္ ဆိုင္ခန္း ၁၀ ခန္းထက္မနည္း

မီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးေလာင္သြားေသာ ဆိုင္ခန္းမ်ားကို စက္ယႏၲရားမ်ားျဖင့္ ၿဖိဳခ်ေသာအခါ မီးစတင္ေလာင္ကၽြမ္းေသာ ေရႊလင္းယုန္ကားဂိတ္မွ အေလာင္း ၃ ေလာင္းေတြ႕ရွိရေၾကာင္း သိရွိရသည္

“၃ေယာက္ေသတာ အတည္ျပဳတယ္။ ၁ ေယာက္ကေရပုံးအျပာထဲဝင္လ်က္ေသေနတာေတြ႕ရတယ္။ ၂ ေယာက္က မီးကၽြမ္းေနၿပီ” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္

“ေလာင္ကတာက ပေစာက္ဝင္းထဲမွာ၊ တနသၤာရီလမ္းထဲမွာ ေလာင္တာ။ ပိတ္ထားတဲ့ ဆိုင္ခန္းထဲကေန စေလာင္တာ။ မီးထဲပါသြားတာက ဝင္းကားဂိတ္ ၊ ရာဇာမင္းကားဂိတ္၊

ေအာင္ေက်ာ္ေဇာကားဂိတ္၊ ကားလက္မွတ္အေရာင္းဂိတ္ေတြ ပါကုန္တယ္။ ဆိုင္ေတြက ၁၀ ခန္းထက္မနည္းပဲ ပါသြားတာ။ကုန္ေတြ၊ စာရြက္စာတမ္းေတြ အကုန္ပါသြားတယ္” ဟု ကားဝင္းအတြင္းေနထိုင္သူတစ္ဦးက ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *