မယုံသေးဘူးဆိုလို့ ဗီဒီယိုနဲ့လင်းပြီ

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာများ သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မစစ်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးကျော် သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန တို့ ပူးပေါင်းကာ ၃ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရာ မီးရှို့ဖျက်ဆီးထားသော စစ်သားအလောင်း ၇ လောင်းအပါအဝင် စစ်ကောင်စီတပ်မှ တပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီးကျည်၊ ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုဗ်ဴဟာ၊ မိုင္းလြန္ပင္မ စစ္တပ္စခန္းကို တိုက္ခိုက္သိမ္းပိုက္မႈ စစ္တပ္ဘက္မွ ၂၀ ေက်ာ္ေသဆုံးၿပီး လက္နက္ခဲယမ္းႏွင့္ ရိကၡာမ်ား သိမ္းဆည္းရရွိ

ေဖေဖာ္ဝါရီ ၄

ကရင္ျပည္နယ္၊ လိပ္သိုဗ်ဴဟာ၊ မိုင္းလြန္ပင္မစစ္တပ္စခန္းကို ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီး စစ္တပ္ဘက္မွ ၂၀ ဦးေက်ာ္ ေသဆုံးေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ-NUG ၊ ကာကြယ္ေရးဝန္ႀကီးဌာနက တရားဝင္ သတင္းထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔မွစတင္၍ ကရင္ျပည္နယ္၊ သံေတာင္ႀကီးခရိုင္၊ သံေတာင္ႀကီးၿမိဳ႕နယ္၊ လိပ္သိုဗ်ဳဟာ လက္ေအာက္ခံ မိုင္းလြန္ပင္မစခန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA)ႏွင့္

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္(PDF)၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ေနျပည္ေတာ္တိုင္းစစ္ဌာန တို႔ ပူးေပါင္းကာ ၃ ရက္ၾကာ ထိုးစစ္ဆင္ တိုက္ခိုက္သိမ္းပိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါ စခန္းသိမ္းၿပီးေနာက္ နယ္ေျမရွင္းလင္းရာ မီးရွို႔ဖ်က္ဆီးထားေသာ စစ္သားအေလာင္း ၇ ေလာင္းအပါအဝင္ စစ္ေကာင္စီတပ္မွ တပ္သား ၂၀ ေက်ာ္ေသဆုံးခဲ့ေၾကာင္း၊ လက္နက္ႀကီးက်ည္၊ ရိကၡာမ်ားႏွင့္ ခဲယမ္းမီးေက်ာက္မ်ား သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *