အိမ်နီးချင်း (၅) နိုင်ငံမှာ “လာအို” တစ်နိုင်ငံပဲ ကြင်စိုးတို့ ထွက်ပြေးဖို ကျန်ပါတော့တယ်။

AAက လိုက်လံတိုက်ခိုက်၍ မောင်တောရှိ စစ်​ကောင်စီတပ်ဖွဲ့ဝင်​များ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံထဲသို့ ထွက်​ပြေး

ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၄ရက်

ရခိုင်ပြည်နယ်၊ ​မောင်​တော​မြောက်ပိုင်းမှာရှိတဲ့ စစ်​ကောင်စီစခန်းကို ရက္ခိုင့်တပ်​တော် (AA) က ဝင်​ရောက်တိုက်ခိုက်ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်​ရောက်ထွက်​ပြေးသွား​ကြောင်းသိရသည်။

​မောင်တောမြို့နယ်​မြောက်ပိုင်းရှိ စစ်​ကောင်စီ၏ ​တောင်ပြိုလက်ဝဲဗျူဟာကုန်းကို ယ​နေ့ဇန်နဝါရီ ၄ရက်နေ့ နံနက်၃နာရီတွင် ရက္ခိုင့်တပ်​တော်(AA) က ဝင်​ရောက်တိုက်ခိုက်ခဲ့​ကြောင်းသိရသည်။

“မနက်ပိုင်းတိုက်ပွဲဖြစ်ကတည်းက စစ်တပ်က ဟိုဘက်နယ်စပ်ကိုဖြတ်​ပြေးတာ။ တ​နေ့လုံး သူတို့​ပြေးတာ​တွေကိုရိုက်ထားတဲ့ ဗီဒီယိုဖိုင်​တွေကြည့်ပြီး အားရ​နေတာ။ တပ်​တော်က ကြိတ်ချက်ပဲ” ဟု ​AA တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို​ပြောသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး​နောက် AA၏ တိုက်ခိုက်မှုကိုမခုခံနိုင်​တော့၍ စခန်းအတွင်းရှိ စစ်​ကောင်စီတပ်သားများ ဦးတည်ရာမဲ့ ကစဥ့်ကလျား ထွက်​ပြေးခဲ့ကြပြီး စစ်​ကောင်စီ၏ နယ်ခြား​စောင့် BGPအဖွဲ့ဝင် ၁၄ ဦးသည် ရခိုင်နယ်စပ်မှတဆင့် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်​ပြေးဝင်​ရောက်သွား​ကြောင်းသိရသည်။

စစ်​ကောင်စီတပ်ဖွဲ့မှထွက်​ပြေးလာသည့် တပ်ဖွဲ့ဝင် ၁၄ ဦးကို ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ နိုက်​ချောင်ဆူရီနယ်စပ်ရှိ BGB စခန်းတွင် ထိန်းသိမ်းထား​ကြောင်းသိရသည်။
ဘင်္ဂလား​ဒေ့ရှ်နယ်စပ်သို့ ထွက်​ပြေးဝင်​ရောက်လာသည့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ ယ​နေ့မနက်အ​စောပိုင်းအချိန်က ၁၄ဦးရှိသည်ဟု ဘင်္ဂလား​ဒေ့ရှ်ရှိ

မီဒီယာများကတွင် ဖော်ပြထား​သော်လည်း ယ​နေ့ည​နေပိုင်းတွင် ထွက်​ပြေးလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးအထိရှိ​လာပြီဖြစ်ကြောင်း​ Bangla Vision မီဒီယာတွင် ဖော်ပြထားသည်။

 

ယ​နေ့ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်​ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အပိုင်းအစများ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံနယ်စပ်သို့ ကျ​ရောက်​ပေါက်ကွဲခဲ့သည့်အတွက် ဘင်္ဂလား​ဒေ့ရှ်နိုင်ငံသား ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ​နေအိမ်အချို့မီး​လောင်ပျက်စီးခဲ့​ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း AAအဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်သားများ ပလက်ဝမှတဆင့် အိန္ဒိယနိုင်ငံထဲ့သို့ အကြိမ်ကြိမ်ဝင်​ပြေးခဲ့ကြသည့်အတွက် အိန္ဒိယအစိုးရက မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်မည်ဟု သတင်းများထွက်​ပေါ်ခဲ့​သည်။

AAက လိုက္လံတိုက္ခိုက္၍ ေမာင္ေတာရွိ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္​မ်ား ဘဂၤလား​ေဒ့ရွ္နိုင္ငံထဲသို႔ ထြက္​ေျပး

ဧရာဝတီတိုင္းမ္ ဇန္နဝါရီ ၄ရက္

ရခိုင္ျပည္နယ္၊ ​ေမာင္​ေတာ​ေျမာက္ပိုင္းမွာရွိတဲ့ စစ္​ေကာင္စီစခန္းကို ရကၡိဳင့္တပ္​ေတာ္ (AA) က ဝင္​ေရာက္တိုက္ခိုက္ရာ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဘဂၤလား​ေဒ့ရွ္နိုင္ငံအတြင္းသို႔ ဝင္​ေရာက္ထြက္​ေျပးသြား​ေၾကာင္းသိရသည္။

​ေမာင္ေတာၿမိဳ႕နယ္​ေျမာက္ပိုင္းရွိ စစ္​ေကာင္စီ၏ ​ေတာင္ၿပိဳလက္ဝဲဗ်ဴဟာကုန္းကို ယ​ေန႔ဇန္နဝါရီ ၄ရက္ေန႔ နံနက္၃နာရီတြင္ ရကၡိဳင့္တပ္​ေတာ္(AA) က ဝင္​ေရာက္တိုက္ခိုက္ခဲ့​ေၾကာင္းသိရသည္။

“မနက္ပိုင္းတိုက္ပြဲျဖစ္ကတည္းက စစ္တပ္က ဟိုဘက္နယ္စပ္ကိုျဖတ္​ေျပးတာ။ တ​ေန႔လုံး သူတို႔​ေျပးတာ​ေတြကိုရိုက္ထားတဲ့ ဗီဒီယိုဖိုင္​ေတြၾကည့္ၿပီး အားရ​ေနတာ။ တပ္​ေတာ္က ႀကိတ္ခ်က္ပဲ” ဟု ​AA တပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကို​ေျပာသည္။

တိုက္ပြဲအျပင္းအထန္ျဖစ္ပြားၿပီး​ေနာက္ AA၏ တိုက္ခိုက္မႈကိုမခုခံနိုင္​ေတာ့၍ စခန္းအတြင္းရွိ စစ္​ေကာင္စီတပ္သားမ်ား ဦးတည္ရာမဲ့ ကစဥ့္ကလ်ား ထြက္​ေျပးခဲ့ၾကၿပီး စစ္​ေကာင္စီ၏ နယ္ျခား​ေစာင့္ BGPအဖြဲ႕ဝင္ ၁၄ ဦးသည္ ရခိုင္နယ္စပ္မွတဆင့္ ဘဂၤလား​ေဒ့ရွ္နိုင္ငံအတြင္းသို႔ ထြက္​ေျပးဝင္​ေရာက္သြား​ေၾကာင္းသိရသည္။

စစ္​ေကာင္စီတပ္ဖြဲ႕မွထြက္​ေျပးလာသည့္ တပ္ဖြဲ႕ဝင္ ၁၄ ဦးကို ဘဂၤလား​ေဒ့ရွ္နိုင္ငံ နိုက္​ေခ်ာင္ဆူရီနယ္စပ္ရွိ BGB စခန္းတြင္ ထိန္းသိမ္းထား​ေၾကာင္းသိရသည္။
ဘဂၤလား​ေဒ့ရွ္နယ္စပ္သို႔ ထြက္​ေျပးဝင္​ေရာက္လာသည့္ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွာ ယ​ေန႔မနက္အ​ေစာပိုင္းအခ်ိန္က ၁၄ဦးရွိသည္ဟု ဘဂၤလား​ေဒ့ရွ္ရွိ

မီဒီယာမ်ားကတြင္ ေဖာ္ျပထား​ေသာ္လည္း ယ​ေန႔ည​ေနပိုင္းတြင္ ထြက္​ေျပးလာသူ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆၆ဦးအထိရွိ​လာၿပီျဖစ္ေၾကာင္း​ Bangla Vision မီဒီယာတြင္ ေဖာ္ျပထားသည္။

ယ​ေန႔ျဖစ္ပြားသည့္ တိုက္ပြဲအတြင္း စစ္​ေကာင္စီပစ္ခတ္ခဲ့သည့္ လက္နက္ႀကီးက်ည္အပိုင္းအစမ်ား ဘဂၤလား​ေဒ့ရွ္နိုင္ငံနယ္စပ္သို႔ က်​ေရာက္​ေပါက္ကြဲခဲ့သည့္အတြက္ ဘဂၤလား​ေဒ့ရွ္နိုင္ငံသား ၂ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ​ေနအိမ္အခ်ိဳ႕မီး​ေလာင္ပ်က္စီးခဲ့​ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္းကလည္း AAအဖြဲ႕၏ ထိုးစစ္ဆင္တိုက္ခိုက္မႈ​ေၾကာင့္ စစ္​ေကာင္စီတပ္သားမ်ား ပလက္ဝမွတဆင့္ အိႏၵိယနိုင္ငံထဲ့သို႔ အႀကိမ္ႀကိမ္ဝင္​ေျပးခဲ့ၾကသည့္အတြက္ အိႏၵိယအစိုးရက ျမန္မာနယ္စပ္ကို ၿခံစည္းရိုးခတ္မည္ဟု သတင္းမ်ားထြက္​ေပၚခဲ့​သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *