ရှမ်းအရှေ့က နန်းတို့ကလည်း ပြေးဖို့အသင့်တဲ့

လိုအပ်လျှင် အရေးကြီး စာရွက်စာတမ်းတွေ ဖျက်ဆီးနိုင်ရေး အသင့်ထားရှိရန် ရှမ်းအရှေ့ ထွေအုပ်ဝန်ထမ်းတွေကို ညွှန်ကြားထား”

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြိုနယ်နဲ့ မိုင်းယန်းမြိုနယ် အပါအဝင် မြိုနယ်အချိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေကို ခေါ်ယူပြီး လိုအပ်ပါက အရေးကြီး စာရွက်စာတမ်းတွေကို ဖျက်ဆီးပြစ်ဖို အသင့်လုပ်ထားရန် အကြမ်းဖက် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရပါတယ်။

ရှမ်းအရှေ့က အနည်းဆုံး မြိုနယ် ၅ ခုမှာ ဒီလိုညွှန်ကြားထားတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ ညွှန်ကြားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမှာ ရှမ်းမြောက်နဲ့ ရှမ်းတောင်က နေရာတချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် ရှမ်းအရှေ့မှာ UWSA က ကျိုင်းတုံကို ဝင်တိုက်မယ် ဆိုတဲ့ သတင်းကလွဲပြီး လှုပ်ရှားမှု မရှိပါဘူး။ ဒီသတင်းကိုလည်း UWSA က တရားဝင် ငြင်းဆိုထားပါတယ်

ရှမ်းအရှေ့ရှိ ကျိုင်းတုံမြိုမှာ စစ်ကောင်စီရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဖြတ်နဲ့မိုင်းဆတ်မှာ စကခ ၁၄ နဲ့ ၁၈ ရှိတဲ့ ဒေသဖြစ်ပြီး တာချီလိတ်၊ မိုင်းတုံ၊ မိုင်းယန်းမှာ အခြေချ စစ်ဗျူဟာတွေ ရှိသလို

ကျန်မြိုတွေမှာလည်း နည်းဗျူဟာတွေ လှုပ်ရှားတဲ့ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက်ခံ လားဟူပြည်သူ့စစ်အဖွဲတွေ ရာချီရှိနေတဲ့ ဒေသလည်း ဖြစ်ပါတယ်

တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ UWSA ရဲ့ စစ်ဒေသ ၁၇၁ က ဟွေအောနဲ့ ဝမ်ဟုန်၊ ဟိုပန်၊ ဟိုရွက်တွေမှာ အခြေချထားပြီး RCSS ကလည်း စခန်းခွဲတွေနဲ့ နေရာယူထားပါတယ်။ ဒါ့အပြင် RCSS/SSA ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းနဲ့လဲ မြေပြင် ဆက်စပ်နေတဲ့ဒေသ ဖြစ်ပါတယ်

ရှမ်းပြည်အရှေ့ပိုင်းမှာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မဟုတ်တဲ့ မြိုနယ် ၉ မြိုနယ်ရှိပြီး ကျိုင်းတုံ၊ မိုင်းခတ်၊ မိုင်းပျဥ်း၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ တာချီလိတ်တို ဖြစ်ပါတယ်။

#4C_TruthNews

လိုအပ္လၽွင္ အေရးႀကီး စာရြက္စာတမ္းေတြ ဖ်က္ဆီးနိုင္ေရး အသင့္ထားရွိရန္ ရွမ္းအေရွ႕ ေထြအုပ္ဝန္ထမ္းေတြကို ညႊန္ၾကားထား”

ရွမ္းျပည္အေရွ႕ပိုင္း မိုင္းျဖတ္ၿမိဳနယ္နဲ႔ မိုင္းယန္းၿမိဳနယ္ အပါအဝင္ ၿမိဳနယ္အခ်ိဳက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဝန္ထမ္းေတြကို ေခၚယူၿပီး လိုအပ္ပါက အေရးႀကီး စာရြက္စာတမ္းေတြကို ဖ်က္ဆီးျပစ္ဖို အသင့္လုပ္ထားရန္ အၾကမ္းဖက္ စစ္ေကာင္စီက ညႊန္ၾကားထားေၾကာင္း သိရွိရပါတယ္။

ရွမ္းအေရွ႕က အနည္းဆုံး ၿမိဳနယ္ ၅ ခုမွာ ဒီလိုညႊန္ၾကားထားတာ ျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁ ရက္နဲ႔ ၂ ရက္ေန႔ေတြမွာ ညႊန္ၾကားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိမွာ ရွမ္းေျမာက္နဲ႔ ရွမ္းေတာင္က ေနရာတခ်ိဳမွာ တိုက္ပြဲေတြ ျပင္းထန္ေနေပမယ့္ ရွမ္းအေရွ႕မွာ UWSA က က်ိဳင္းတုံကို ဝင္တိုက္မယ္ ဆိုတဲ့ သတင္းကလြဲၿပီး လႈပ္ရွားမႈ မရွိပါဘူး။ ဒီသတင္းကိုလည္း UWSA က တရားဝင္ ျငင္းဆိုထားပါတယ္

ရွမ္းအေရွ႕ရွိ က်ိဳင္းတုံၿမိဳမွာ စစ္ေကာင္စီရဲ့ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ မိုင္းျဖတ္နဲ႔မိုင္းဆတ္မွာ စကခ ၁၄ နဲ႔ ၁၈ ရွိတဲ့ ေဒသျဖစ္ၿပီး တာခ်ီလိတ္၊ မိုင္းတုံ၊ မိုင္းယန္းမွာ အေျခခ် စစ္ဗ်ဴဟာေတြ ရွိသလို

က်န္ၿမိဳေတြမွာလည္း နည္းဗ်ဴဟာေတြ လႈပ္ရွားတဲ့ ေဒသျဖစ္ပါတယ္။ ဒါ့အျပင္ စစ္တပ္လက္ေအာက္ခံ လားဟူျပည္သူ႔စစ္အဖြဲေတြ ရာခ်ီရွိေနတဲ့ ေဒသလည္း ျဖစ္ပါတယ္

တိုင္းရင္းသား လက္နက္ကိုင္ေတြထဲမွာ UWSA ရဲ့ စစ္ေဒသ ၁၇၁ က ေဟြေအာနဲ႔ ဝမ္ဟုန္၊ ဟိုပန္၊ ဟိုရြက္ေတြမွာ အေျခခ်ထားၿပီး RCSS ကလည္း စခန္းခြဲေတြနဲ႔ ေနရာယူထားပါတယ္။ ဒါ့အျပင္ RCSS/SSA ဌာနခ်ဳပ္ရွိရာ လြယ္တိုင္းလ်န္းနဲ႔လဲ ေျမျပင္ ဆက္စပ္ေနတဲ့ေဒသ ျဖစ္ပါတယ္

ရွမ္းျပည္အေရွ႕ပိုင္းမွာ တိုင္းရင္းသား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ မဟုတ္တဲ့ ၿမိဳနယ္ ၉ ၿမိဳနယ္ရွိၿပီး က်ိဳင္းတုံ၊ မိုင္းခတ္၊ မိုင္းပ်ဥ္း၊ မိုင္းယန္း၊ မိုင္းေယာင္း၊ မိုင္းျဖတ္၊ မိုင္းဆတ္၊ မိုင္းတုံ၊ တာခ်ီလိတ္တို ျဖစ္ပါတယ္။

#4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *