လင်းယုန်ကြီး ကိုင်တော့မှာနော် မြန်မာအတွက် သတင်းကောင်းလာပြီ

မြန်မာ့အရေး ကိုင်တွယ်မည့် အမေရိကန်လွှတ်တော်အမတ်များ ပါဝင်သော Congressional Burma Caucus ဖွဲ့စည်းမည်

ဖေဖော်ဝါရီ ၄

မြန်မာ့အရေး ကိုင်တွယ်မည့် အမေရိကန်လွှတ်တော်အမတ်များ ပါဝင်သော Congressional Burma Caucus ဖွဲ့စည်းမည်ဖြစ်ကြောင်း အမေရိကန်လွှတ်တော်အမတ်နှစ်ဦးက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်အာဏာသိမ်းထားသော မြန်မာ့အရေးကို အမေရိကန်အစိုးရက အရေးယူဆောင်ရွက်ရန် အဆိုပါ Congressional Burma Caucus ကို ဖွဲ့စည်းခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်မှ ရီပတ်ဘလီကန် လွှတ်တော်အမတ် Bill Huizenga နှင့်

မစ်နီဇိုးတားပြည်နယ် မှ ဒီမိုကရက်တစ် အမတ် Betty McCollum တို့က Congressional Burma Caucus တွင် ဦးဆောင်သူဥက္ကဋ္ဌအဖြစ် တာဝန်ယူကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲအတွက်

အမေရိကန်လွှတ်တော်အမတ်များ၏ ထောက်ခံအားပေးမှုကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း လွှတ်တော်အမတ်နှစ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ လွှတ်တော်ခေါင်းဆောင်တွေဆီက အရေးတကြီး အာရုံစိုက်မှု လိုအပ်နေတဲ့ အဆင့်အထိ တိုးလာပါပြီ” ဟု လွှတ်တော်အမတ်များ၏ ကြေညာချက်တွင် ရေးသားထားသည်။

Congressional Burma Caucus အဖွဲ့တွင် ကနဦးအဖွဲ့ဝင်များအဖြစ် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃၀ ခန့်ရှိမည်ဟု မျှော်လင့်ရကြောင်း Campaign for a New Myanmar မှ စည်းရုံးရေးမှူး Kristiana Kuqi ၏အဆိုအရသိရှိရသည်။

“ကျွန်တော်တို့မှာ ကွန်ဂရက်လွှတ်တော်အမတ်နဲ့ လွှတ်တော်ဝန်ထမ်းတွေ များများပါဝင်လေလေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပိုပြီး တွန်းအားပေးနိုင်လေလေဖြစ်မှာပါ” ဟု Kuqi က ဆိုသည်

ျမန္မာ့အေရး ကိုင္တြယ္မည့္ အေမရိကန္လႊတ္ေတာ္အမတ္မ်ား ပါဝင္ေသာ Congressional Burma Caucus ဖြဲ႕စည္းမည္

ေဖေဖာ္ဝါရီ ၄

ျမန္မာ့အေရး ကိုင္တြယ္မည့္ အေမရိကန္လႊတ္ေတာ္အမတ္မ်ား ပါဝင္ေသာ Congressional Burma Caucus ဖြဲ႕စည္းမည္ျဖစ္ေၾကာင္း အေမရိကန္လႊတ္ေတာ္အမတ္ႏွစ္ဦးက ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

စစ္အာဏာသိမ္းထားေသာ ျမန္မာ့အေရးကို အေမရိကန္အစိုးရက အေရးယူေဆာင္ရြက္ရန္ အဆိုပါ Congressional Burma Caucus ကို ဖြဲ႕စည္းျခင္းျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု မစ္ရွီဂန္ျပည္နယ္မွ ရီပတ္ဘလီကန္ လႊတ္ေတာ္အမတ္ Bill Huizenga ႏွင့္

မစ္နီဇိုးတားျပည္နယ္ မွ ဒီမိုကရက္တစ္ အမတ္ Betty McCollum တို႔က Congressional Burma Caucus တြင္ ဦးေဆာင္သူဥကၠ႒အျဖစ္ တာဝန္ယူၾကမည္ျဖစ္ေၾကာင္း၊ ျမန္မာနိုင္ငံတြင္း ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးတိုက္ပြဲအတြက္

အေမရိကန္လႊတ္ေတာ္အမတ္မ်ား၏ ေထာက္ခံအားေပးမႈကို တိုးျမႇင့္ရန္ ရည္ရြယ္ထားေၾကာင္း လႊတ္ေတာ္အမတ္ႏွစ္ဦး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ျမန္မာနိုင္ငံက လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္းဟာ လႊတ္ေတာ္ေခါင္းေဆာင္ေတြဆီက အေရးတႀကီး အာ႐ုံစိုက္မႈ လိုအပ္ေနတဲ့ အဆင့္အထိ တိုးလာပါၿပီ” ဟု လႊတ္ေတာ္အမတ္မ်ား၏ ေၾကညာခ်က္တြင္ ေရးသားထားသည္။

Congressional Burma Caucus အဖြဲ႕တြင္ ကနဦးအဖြဲ႕ဝင္မ်ားအျဖစ္ အနည္းဆုံး လႊတ္ေတာ္ကိုယ္စားလွယ္ ၃၀ ခန႔္ရွိမည္ဟု ေမၽွာ္လင့္ရေၾကာင္း Campaign for a New Myanmar မွ စည္း႐ုံးေရးမႉး Kristiana Kuqi ၏အဆိုအရသိရွိရသည္။

“ကၽြန္ေတာ္တို႔မွာ ကြန္ဂရက္လႊတ္ေတာ္အမတ္နဲ႔ လႊတ္ေတာ္ဝန္ထမ္းေတြ မ်ားမ်ားပါဝင္ေလေလ ျမန္မာနိုင္ငံနဲ႔ ပတ္သက္ၿပီး ပိုၿပီး တြန္းအားေပးနိုင္ေလေလျဖစ္မွာပါ” ဟု Kuqi က ဆိုသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *