ကိုယ်တိုင်ထုတ်တေါလာပြီ ပွကသံတွေ မြိုင်တော့မယ်

“ADPRA တပ်ဖွဲက RPG ကို အောင်မြင်စွာ ထုတ်လုပ်”

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြိုနယ် အခြေစိုက် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) – တပ်ခွဲ ၂ (Blach Shadow)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၅) KPDF-1၊

တပ်ခွဲ (၃) KGF တပ်ဖွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းတစ်ခုမှ တာဝန်ခံတစ်ဦးတို ပူးပေါင်းပြီး RPG ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

RPG တစ်လက်နှင့် RPG ဗုံးသီး ၅ ခုကို မြန်မာငွေ ကျပ်သိန်း ၆၀ ဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိ ရှေ့တန်းစစ်မြေပြင်တွင် အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းတဲ့ အညာဒေသမှာ ကာကွယ်ရေးတပ်ဖွဲတွေဟာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို တီထွင်ထုတ်လုပ်နေကြပြီး၊ အဆိုပါ လက်နက်ထုတ်လုပ်ရေးတွေမှာ အသက်ဆုံးရှုးခဲ့ကြတဲ့ ရဲဘော်တွေလဲ အများအပြား ရှိခဲ့ပါတယ်။

အခုလက်ရှိ ADPRA က ထုတ်လုပ်လိုက်တဲ့ RPG တွေဟာ လက်လုပ်အမျိုးအစား ဖြစ်သော်လည်း စစ်မြေပြင်မှာ လုံခြုံထိရောက်စွာ အသုံးပြုနိုင်ပြီး စစ်ကောင်စီရဲ့ ဘန်ကာတွေကို ဖြိုဖျက်ရာမှာ တိကျကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနေကြောင်း သိရှိရပါတယ်။

#4C_TruthNews







#4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *