ငွက္ႀကီးေတာင္ႀကီးဆြဲထြက္သြားလိုက္ ထိပ္ႀကီးကြဲၿပီးျပန္လာလိုက္ ဂ်ပုတို႔ ေဖာင္ျပင္ေတာ့မယ့္ပြဲ

ပျက်ကျနေသည့် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စီးကို AA တပ်ဖွဲ့ဝင်များက ရှာဖွေစိစစ်နေသည့် ဓာတ်ပုံများ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်

ရန်ကုန်၊ဖေဖော်ဝါရီ ၄

အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဉ် တစ်စီး ပျက်ကျနေမှုကို AA တပ်ဖွဲ့ဝင်များက စိစစ်နေသည့် ဓာတ်ပုံများကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ Mi17 ရဟတ်ယာဉ်ဟု ယူဆရသည့် ရဟတ်ယာဉ်ပျက်ကို နောက်ခံထား၍ AA တပ်ဖွဲ့ဝင်များ တန်းစီ ရပ်နေသည့် ဓာတ်ပုံ၊ ပျက်နေသည့် စစ်ရဟတ်ယာဉ်ကို AA တပ်ဖွဲ့ဝင်များက ရှာဖွေ စိစစ်နေပုံများကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် အဆိုပါ ရဟတ်ယာဉ်ပျက်ကျသည်(သို့မဟုတ်) ပစ်ချသည် ဆိုသော အသေးစိတ် အချက်အလက်များကို တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။

လက်ရှိတွင် တော်လှန်ရေးအဖွဲ့များက စစ်အာဏာသိမ်းချိန်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ရဟတ်ယာဉ်များကို ပစ်ချမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ တစ်လတည်းတွင်ပင် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှင့် လေယာဉ် ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းမှ ဝိုင်းမော်မြို့နယ် နာဖော့စခန်းသို့ ရိက္ခာနှင့် လက်နက်များလာသည့် စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း၈ ဦး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ရုရှားနိုင်ငံထုတ် Mi17 ရဟတ်ယာဉ်တစ်စီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆ သန်း ဝန်းကျင်ရှိကြောင်း သိရှိရသည်။

အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ပစ်ချခဲ့ကြောင်း၊ တရုတ်လုပ် FTC 2000 G တိုက်လေယာဉ် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ သန်းခွဲ တန်ကြေးရှိကြောင်း သိရှိရသည်။

ထို့အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ စစ်ကောင်စီ၏ Eurocopter 365 ရဟတ်ယာဉ်တစ်စီး ကို ကရင်ပြည် နယ်၊ မြဝတီမြို့အနီး သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့၍ ပျက်ကျသွားခဲ့ကြောင်း၊ အဆိုပါ ရဟတ်ယာဉ်သည် အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကမှ တပ်တော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရဟတ်ယာဉ် တွင် လိုက်ပါသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် အရာရှိ ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ပ်က္က်ေနသည့္ စစ္ေကာင္စီ၏ ရဟတ္ယာဥ္တစ္စီးကို AA တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြစိစစ္ေနသည့္ ဓာတ္ပုံမ်ား ညီေနာင္ ၃ ဖြဲ႕က ထုတ္ျပန္

ရန္ကုန္၊ေဖေဖာ္ဝါရီ ၄

အၾကမ္းဖက္စစ္ေကာင္စီတပ္၏ စစ္ရဟတ္ယာဥ္ တစ္စီး ပ်က္က်ေနမႈကို AA တပ္ဖြဲ႕ဝင္မ်ားက စိစစ္ေနသည့္ ဓာတ္ပုံမ်ားကို ညီေနာင္မဟာမိတ္ ၃ ဖြဲ႕က ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ ထုတ္ျပန္လိုက္သည္။

စစ္ေကာင္စီ၏ Mi17 ရဟတ္ယာဥ္ဟု ယူဆရသည့္ ရဟတ္ယာဥ္ပ်က္ကို ေနာက္ခံထား၍ AA တပ္ဖြဲ႕ဝင္မ်ား တန္းစီ ရပ္ေနသည့္ ဓာတ္ပုံ၊ ပ်က္ေနသည့္ စစ္ရဟတ္ယာဥ္ကို AA တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြ စိစစ္ေနပုံမ်ားကို ညီေနာင္ မဟာမိတ္ ၃ ဖြဲ႕က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

သို႔ရာတြင္ မည္သည့္ေနရာ၊ မည္သည့္အခ်ိန္တြင္ အဆိုပါ ရဟတ္ယာဥ္ပ်က္က်သည္(သို႔မဟုတ္) ပစ္ခ်သည္ ဆိုေသာ အေသးစိတ္ အခ်က္အလက္မ်ားကို တစ္စုံတစ္ရာ ထုတ္ျပန္ထားျခင္းမရွိေပ။

လက္ရွိတြင္ ေတာ္လွန္ေရးအဖြဲ႕မ်ားက စစ္အာဏာသိမ္းခ်ိန္မွစတင္၍ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ေလယာဥ္ႏွင့္ ရဟတ္ယာဥ္မ်ားကို ပစ္ခ်မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း၊ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ တစ္လတည္းတြင္ပင္ စစ္ေကာင္စီ၏ ရဟတ္ယာဥ္ႏွင့္ ေလယာဥ္ ၃ စီးကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက ပစ္ခ်ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၃ ရက္ေန႔မွာ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားေလတပ္စခန္းမွ ဝိုင္းေမာ္ၿမိဳ႕နယ္ နာေဖာ့စခန္းသို႔ ရိကၡာႏွင့္ လက္နက္မ်ားလာသည့္ စစ္ေကာင္စီ၏ Mi-17 ရဟတ္ယာဥ္ကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) က ပစ္ခ်ခဲ့ရာ ရဟတ္ယာဥ္ေပၚပါလာသူ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စုစုေပါင္း၈ ဦး ေသဆုံးခဲ့ေၾကာင္း၊ အဆိုပါ ႐ုရွားႏိုင္ငံထုတ္ Mi17 ရဟတ္ယာဥ္တစ္စီး၏ တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၁၆ သန္း ဝန္းက်င္ရွိေၾကာင္း သိရွိရသည္။

အလားတူ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ရွမ္းေျမာက္ေဒသ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာ႐ြာတိုက္ပြဲေဒသဆီ ဗုံးလာက်ဲခဲ့သည့္ စစ္ေကာင္စီ၏ တ႐ုတ္လုပ္ FTC 2000 G တိုက္ေလယာဥ္ကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) က ပစ္ခ်ခဲ့ေၾကာင္း၊ တ႐ုတ္လုပ္ FTC 2000 G တိုက္ေလယာဥ္ တန္ဖိုးမွာ အေမရိကန္ေဒၚလာ ၈ သန္းခြဲ တန္ေၾကးရွိေၾကာင္း သိရွိရသည္။

ထို႔အတူ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္ေန႔ စစ္ေကာင္စီ၏ Eurocopter 365 ရဟတ္ယာဥ္တစ္စီး ကို ကရင္ျပည္ နယ္၊ ျမ၀တီၿမိဳ႕အနီး သဃၤန္းညီေနာင္တြင္ ေကာ္ဘရာစစ္ေၾကာင္းက Missile ၊ ပြိဳင့္ဖိုက္၊ စႏိုက္ပါ အစရွိသည့္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ခဲ့၍ ပ်က္က်သြားခဲ့ေၾကာင္း၊ အဆိုပါ ရဟတ္ယာဥ္သည္ အေမရိကန္ေဒၚလာ ၉ သန္းနီးပါး တန္ဖိုးရွိၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလကမွ တပ္ေတာ္ဝင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ထိုရဟတ္ယာဥ္ တြင္ လိုက္ပါေသာ တပ္မ ၄၄ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းေနာင္ အပါအဝင္ အရာရွိ ၅ ဦးေသဆုံးခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *