လိုင်းဖွင့်လိုက်တာနဲ့ အဲလိုဖြစ်နေရမယ် သိမ်းလိုက်ပြန်ပီဝေ့

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက ယနေ့မှ အပြီးသတ် သိမ်းပိုက်ရရှိ

ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ယနေ့တွင်မှ အပြီးသတ်သိမ်းပိုက်နိုင်ကြောင်း KIA ၏ ထုတ်ပြန်ချက်နှင့် KIA သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖားကန့်မြို့နယ် နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊

အဆိုပါ နန့်တိန်း တပ်စခန်းကို ဇန်နဝါရီ လကတည်းက တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခဲ့ကြောင်း၊

ယင်းနောက် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လင့်ကစား တော်လှန်ရေးတပ်များက စခန်းကို တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ယင်းနန့်တိန်းစခန်းတွင်ပင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင်မှ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဖားကန႔္ၿမိဳ႕နယ္၊ နန႔္တိန္းတပ္စခန္းကို KIAႏွင့္ PDF ပူးေပါင္းတပ္မ်ားက ယေန႔မွ အၿပီးသတ္ သိမ္းပိုက္ရရွိ

ေဖေဖာ္ဝါရီ ၃

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ နန႔္တိန္း စစ္ေကာင္စီတပ္စခန္းကို KIA ႏွင့္ PDF ပူးေပါင္းတပ္မ်ားက တိုက္ခိုက္ခဲ့ရာ ယေန႔တြင္မွ အၿပီးသတ္သိမ္းပိုက္နိုင္ေၾကာင္း KIA ၏ ထုတ္ျပန္ခ်က္ႏွင့္ KIA သတင္းရင္းျမစ္၏ ေျပာၾကားခ်က္အရ သိရွိရသည္။

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္ ဖားကန႔္ၿမိဳ႕နယ္ နန႔္တိန္း စစ္ေကာင္စီတပ္စခန္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ KPDF ပူးေပါင္းတပ္မ်ားက တိုက္ခိုက္ခဲ့ေၾကာင္း၊

အဆိုပါ နန႔္တိန္း တပ္စခန္းကို ဇန္နဝါရီ လကတည္းက ေတာ္လွန္ေရးတပ္မ်ားက ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ယင္းေနာက္ စစ္ေကာင္စီတပ္ စခန္းကို ေတာ္လွန္ေရးတပ္မ်ားက ပိတ္ဆို႔ထားခဲ့ေၾကာင္း၊

ယင္းေနာက္ ယမန္ေန႔ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္က ေလေၾကာင္းႏွင့္ လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့လင့္ကစား ေတာ္လွန္ေရးတပ္မ်ားက စခန္းကို တိုက္ခိုက္နိုင္ခဲ့ေၾကာင္း သိရွိရသည္။

ယေန႔ နံနက္ပိုင္းတြင္လည္း ယင္းနန႔္တိန္းစခန္းတြင္ပင္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ယေန႔ နံနက္ ၁၁ နာရီ ၅၀ မိနစ္အခ်ိန္တြင္မွ စခန္းကို အၿပီးသတ္သိမ္းပိုက္နိုင္ခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *