ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို႔

ဗန်းမော် အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီးပြည့်ဖြိုးကျော်သေဆုံး၊ ဗိုလ်မှူးသက်စိုးအောင် ဆေးကုသနေရ

ရန်ကုန်၊ မေ ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်မြိုနယ်၊ အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ် ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးသက်စိုးအောင်နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို တပ်ပိုင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ကြရာမှ အချင်းအချင်း ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး ပြည့်ဖြိုးကျော် သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ဗန်းမော် အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းတွင် ဒုတပ်ရင်းမှူး ဗိုလ်မှူးသက်စိုးအောင် နှင့် ဗိုလ်ကြီး ပြည့်ဖြိုးကျော်တို အချေတင်စကားများကြကြောင်း၊ ယင်းနောက် နှစ်ဖက် စိတ်မထိန်းနိုင်ဘဲ ပစ်ခတ်ကြကြောင်း၊ ထိုသို ပစ်ခတ်ရာမှ ဗိုလ်ကြီးပြည့်ဖြိုးကျော်မှာ ပစ်ခတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်စိုးအောင်မှာလည်း သေနတ်ဒဏ်ရာ ၅ ချက် ထိမှန်ထားပြီး ဗန်းမော်စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်တပ်က ခုံရုံးဖွဲ၍ စစ်ဆေးအရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၇၅ နှစ်မြောက် စစ်မြေပြင်အင်ဂျင်နီယားတပ်ဖွဲနေ့ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိင်။

ဗန္းေမာ္ အမွတ္ ၉၁၄ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ရင္းတြင္ ဒုတပ္ရင္းမႉး ဗိုလ္မႉး သက္စိုးေအာင္ႏွင့္ ဗိုလ္ႀကီး ျပည့္ၿဖိဳးေက်ာ္တို စကားမ်ား ရန္ျဖစ္ရာမွ ပစ္ခတ္မႈျဖစ္ၿပီး ဗိုလ္ႀကီးျပည့္ၿဖိဳးေက်ာ္ေသဆုံး၊ ဗိုလ္မႉးသက္စိုးေအာင္ ေဆးကုသေနရ

ရန္ကုန္၊ ေမ ၁၁

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳနယ္၊ အမွတ္ ၉၁၄ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ ရင္းတြင္ ဒုတပ္ရင္းမႉး ဗိုလ္မႉးသက္စိုးေအာင္ႏွင့္ ဗိုလ္ႀကီး ျပည့္ၿဖိဳးေက်ာ္တို တပ္ပိုင္းဆိုင္ရာ ကိစၥႏွင့္ပတ္သက္၍ စကားမ်ား ရန္ျဖစ္ၾကရာမွ အခ်င္းအခ်င္း ပစ္ခတ္မႈျဖစ္ၿပီး ဗိုလ္ႀကီး ျပည့္ၿဖိဳးေက်ာ္ ေသဆုံးသြားေၾကာင္း တပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

ေမလ ၁၀ ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဗန္းေမာ္ အမွတ္ ၉၁၄ စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ရင္းတြင္ ဒုတပ္ရင္းမႉး ဗိုလ္မႉးသက္စိုးေအာင္ ႏွင့္ ဗိုလ္ႀကီး ျပည့္ၿဖိဳးေက်ာ္တို အေခ်တင္စကားမ်ားၾကေၾကာင္း၊ ယင္းေနာက္ ႏွစ္ဖက္ စိတ္မထိန္းႏိုင္ဘဲ ပစ္ခတ္ၾကေၾကာင္း၊ ထိုသို ပစ္ခတ္ရာမွ ဗိုလ္ႀကီးျပည့္ၿဖိဳးေက်ာ္မွာ ပစ္ခတ္ခံရၿပီး ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးေၾကာင္း သိရွိရသည္။

ဒုတပ္ရင္းမႉး ဗိုလ္မႉး သက္စိုးေအာင္မွာလည္း ေသနတ္ဒဏ္ရာ ၅ ခ်က္ ထိမွန္ထားၿပီး ဗန္းေမာ္စစ္ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရေၾကာင္း၊ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စစ္တပ္က ခုံ႐ုံးဖြဲ၍ စစ္ေဆးအေရးယူမႈမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ၇၅ ႏွစ္ေျမာက္ စစ္ေျမျပင္အင္ဂ်င္နီယားတပ္ဖြဲေန႔ တက္ေရာက္ခဲ့သည့္ အၾကမ္းဖက္ မင္းေအာင္လွိင္။