စခ ကင်းစင် နောင်ချို တစ်ခွင်

စစ်ခွေးကင်းစင် နောင်ချို တစ်ခွင်

နောင်ချိုမြိုရှိ စစ်ခွေးတပ်စခန်းများအားလုံးကို တီးထုတ်ပြီးနောက် နောင်ချိုမြိုအား TNLA ၊ MPDF တိုက အလုံးစုံ အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

နောင်ချိုမြို့မ ရဲစခန်းမှ သိမ်းဆည်း ရရှိထားသော မူးယစ်းဆေးဝါး မှတ်တမ်း ဓာတ်ပုံများ TNLA ထုတ်ပြန်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့မ ရဲစခန်းမှ သိမ်းဆည်း ရရှိထားသော မူးယစ်းဆေးဝါး မှတ်တမ်း ဓာတ်ပုံများ ကို TNLA ထုတ်ပြန်လိုက်သည်။

ဇွန်လ ၂၇ ရက်နေ့တွင် နောင်ချိုမြို့တွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးများကို TNLA က တိုက်ခိုက် သိမ်းပိုက်စဉ် မြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဇွန်လ ၂၆ ရက်နေ့တွင် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့တွင် ဌာနဆိုင်ရာ ရုံးများကို လိုက်လံစစ်ဆေးစဉ် မြို့မရဲစခန်းတွင် အဆိုပါ မူးယစ်ဆေးဝါးများ ရှာဖွေ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





