PDF/KNU ပူးပေါင်းတပ်များနှင့် BGF တပ်များ

တပ်မဟာ ၁ တွင် PDF/KNU ပူးပေါင်းတပ်များနှင့် BGF တပ်များအကြား စစ်ရေးတင်းမာလာဖွယ်ရှိ

Salween Press

မေလ ၁၁ ရက်နေ့ ၂၀၂၄

KNU တပ်မဟာ ၁ နယ်မြေတွင် KNLA/PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့အကြားစစ်ရေးတင်းမာလာနိုင်ဖွယ်ရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။

တပ်မဟာ ၁ ရှိ ရှေ့တန်းတပ်စခန်းများသို့ BGF တပ်ဖွဲ့များသည် စစ်ကောင်စီတပ်ဖွဲ့များကို လိုက်ပါပို့ဆောင်နေသည့်အတွက် စစ်ရေးတင်းမာမှုဖြစ်လာဖွယ်ရှိတယ်လို့ဆိုပါတယ်။

KNLA ရော စစ်ကောင်စီတပ်ကိုပါ ပစ်ခတ်တိုက်ခိုက်မှုမလုပ်ဘဲ ကြားနေမယ်လို့ BGF တပ်များပြောဆိုခဲ့ပေမဲ့ အခုလို တပ်မဟာ ၁ နယ်မြေတွင်မှာ စစ်ကောင်စီများကို BGF တပ်ဖွဲ့က ကူညီပို့ဆောင်နေသည့်အတွက် BGF မှာ စည်းကမ်းဖောက်ဖျက်ရာရောက်တယ်လို့ဆိုပါတယ်။

KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်တွင် BGF အကူညီဖြင့် ညောင်ကုန်းတပ်စခန်း(BGF ပူးတွဲ)တပ်စခန်းနှင့်ပိန္နဲတောတပ်စခန်းသို့ မေလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာတယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်။

သထုံခရိုင် ညောင်ကုန်းတပ်စခန်းတွင်တပ်စွဲထားသည့် ဗိုလ်တင်ဝင်းဦးဆောင်သည့် BGF တပ်ဖွဲ့နှင့် KNLA တပ်မဟာ ၁ တပ်ဖွဲ့တို့အကြား သဘောတူညီမှုများပျက်ပြယ်ခဲ့ကာ အချိတ်အဆက်ပြတ်သွားတယ်လို့ မကြာသေးခင်က နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။

BGF ဗိုလ်တင်ဝင်းအဖွဲ့သည် ဘားအံ သထုံအဝေးပြေးလမ်းမပေါ်ရှိ ၁၀ မိုင်ကုန်းတွင် ဂိတ်ဖွင့်ကာ ကုန်တင်ကားများထံမှ ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။

သထုံခရိုင်တွင် BGF အကူညီဖြင့် စစ်ကောင်စီတပ်ဖွဲ့တပ်စွဲထားသည့်စခန်းသို့ရောက်ရှိ

Salween Press

မေလ ၁၁ ရက်နေ့ ၂၀၂၄

KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်တွင် BGF အကူညီဖြင့် ညောင်ကုန်းတပ်စခန်း(BGF ပူးတွဲ)တပ်စခန်းနှင့်ပိန္နဲတောတပ်စခန်းသို့ မေလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိနေတယ်လို့KNUသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။

“မေ ၁ ရက်မှာကားကြီး ၄ စီး၊ ကားငယ်တစ်စီးတက်လာတယ်။ တံတားဉီးနှင့်နိုးရာကုန်းကြား ရှောက်ကုန်းလမ်းဆုံမှာကားတွေနဲ့လာပြီး ခြေလျင်ဖြင့်သွားကြတယ်။ ပိန္နဲတောစခန်းတော့စစ်ကောင်စီတပ်ဖွဲ့တွေရောက်ကြပြီ။ ညောင်ကုန်းစစ်ကောင်စီနဲ့BGFပူးပေါင်းတပ်စခန်းမှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရောက်နေကြပြီးလို့သိရတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့တပ်စခန်းရှိရာမသွားခင်ညဘက်တွင်မှာ BGF ကား ၃ စီးက လမ်းအခြေအနေကို အရင်သွားလေ့လာခဲ့တယ်လို့ဆိုပါတယ်။

“BGF တပ်ဖွဲ့ကားတွေနဲ့ဘယ်သွားကြမလဲမေးကြည့်ရာမှာတော့ မီးဇိုင်းဘုရားထီးတင်ဖို့သွားကြမယ်လို့ BGF တပ်ဖွဲ့ဝင်များကပြန်လည်ဖြေကြားတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။

ပိန္နဲတောတပ်စခန်းနှင့်ညောင်ကုန်းတပ်စခန်းသို့ရောက်ရှိနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် BGF ကားဖြင့်လိုက်ပါခဲ့တာကိုမြင်ခဲ့တယ်လို့ ဒေသခံမျက်မြင်တချို့ကလည်းပြောဆိုပါသည်။


Salween Press

မေလ ၁၁ ရက်နေ့ ၂၀၂၄








Salween Press

မေလ ၁၁ ရက်နေ့ ၂၀၂၄




