မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှရွာကို

သံတွဲတိုက်ပွဲ ပြင်းထန်နေဆဲ၊ မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှရွာကို စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

Western News| မေ ၁၀

ရခိုင်ပြည် သံတွဲမြို့နယ်တွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေပြီး သံတွဲမြို့အဝင်ရှိ စစ်ကောင်စီတပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှ ကျေးရွာ ဇီးကျွန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ယမန်နေ့ မေလ ၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စဖြစ်ပွားခဲ့သော လင်းသီရွာအနောက်ဘက်က တိုက်ပွဲမှာ ညနေ ၅ နာရီအချိန်ခန့်အထိ နှစ်ဖက်တိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လင်းသီကျေးရွာသို့ လက်နက်ကြီး နှစ်လုံး ကျရောက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” မနေ့က တိုက်ပွဲက အရမ်းပြင်းထန်တာ။ လင်းသီရွာနဲ့ အနောက်ဘက် တောင်ကြောတွေမှာ ဖြစ်ကြတာ။ မောင်ရွှေလေးရေတပ်၊ သံတွဲမြို့အဝင်က အမြောက်တပ်၊ ငပလီမြို့ချောင်လမ်းမှာရှိတဲ့ အမြောက်တပ်တွေက လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာ။ ဒီနေ့ နံနက် ၉ နာရီလောက်ကလည်း ရွှေလှေအနီးတစ်ဝိုက်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ တစ်နာရီလောက်ပေါ့နော်။ လက်နက်ကြီးကတော့ အခုထိ ပစ်ခတ်နေတုန်းပါပဲ” ဟု ပြောသည်။
ယမန်နေ့ တိုက်ပွဲတွင် သဗြုချိုင်ကျေးရွာကနေ လင်းသီကျေးရွာသို့ စက်ဘီးနှင့်လာသော ဒေသခံ အမျိုးသား ၂ ဦးမှာ လက်နက်ကြီးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့က ဒေါ်မြနှင့် ပုရစ်ရေကောက်ရွာတို့အနီးက စတင်ခဲ့သော သံတွဲတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်းများသည် သူဌေးရေအားလျှပ်စစ်စီမံကိန်းနှင့် ရွှေလှေတံတား လင်းသီရွာသို့ ဆုတ်ခွာသွားခဲ့ရသည်။

အာရက္ခတပ်တော် AA သည် သူဌေးရေအားလျှပ်စစ်စီမံကိန်းဧရိယာနှင့် လင်းသီ၊ ရွှေလှေ၊ ရှင်စောပြင်ကျေးရွာတို့ အနီးတစ်ဝိုက်ကို ဝိုင်းရံပိတ်ဆို့ထားကြောင်း စစ်ရေးအခြေအနေသိသည့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်က လင်းသီ၊ ရွှေလှေရွာအနီး တိုက်ပွဲတွင် သံတွဲမြို့အဝင် ဘားဒန်းတောင်ပေါ်၌ တပ်စွဲထားသော စစ်ကောင်စီ အမြောက်စခန်းမှ ပစ်ခတ်သော လက်နက်ကြီးမှာ လင်းသီရွာအနီးတွင်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှကျေးရွာ ဇီးကျွန်းရွာသို့ လက်နက်ကြီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

” ပြီးခဲ့တဲ့ နှစ်ရက်က ဖြစ်ပွားတဲ့ လင်းသီ၊ ရွှေလှေရွာအနီးက တိုက်ပွဲမှာ ဘားဒါန်းတောင်ပေါ်က ပစ်ခတ်တဲ့ စစ်ကောင်စီ နက်လက်ကြီးဟာ ဒေါ်ကြူကြူလှရွာက ဘုန်းကြီးကျောင်းနဲ့ ပေ ၂၀၀ အကွာ လယ်ကွင်းပြင်မှာ ကျရောက်ခဲ့တယ်။ လူတွေ မထိခိုက်ဘူးပေါ့နော်။ ရွာထဲကျရင်တော့ ထိခိုက်သေဆုံးကြမှာ” ဟု ပြောသည်။

စစ်ကောင်စီသည် လင်းသီ၊ ရွှေလှေ၊ ရှင်စောပြင်၊ ကွေ့ချောင်းနှင့် စီမံကိန်းဧရိယာအနီးသို့ တပ်ဖြန့်ထားသလို ဇီးကျွန်း၊ သဗြုချိုင်၊ မြင်းစိုင်းမော်၊ ပြင်ယောင်း စသည့် ကျေးရွာများဘက်သို့လည်း တပ်ဖြန့်ထားကြောင်း စစ်ရေးအခြေအနေ သိသူများက ပြောသည်။

လက်ရှိတွင် ရွှေလှေတံတားထိပ် လင်းသီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှာ AA ၏ ပိတ်ဆို့မှုကို ခံထားရပြီး တပ်ကူနှင့် ရိက္ခာဖြတ်တောက်ခံထားရကြောင်း စုံစမ်းသိရသည်။

သံတွဲတိုက်ပွဲ AA ထိုးစစ်ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံနေသော်လည်း အကျအဆုံးများကာ သံတွဲမြို့ဘက်သို့ တပ်ပြန်ဆုတ်နေရကြောင်းနှင့် အာရက္ခတပ်တော် AA က အသာစီးရနေကြောင်း သိရသည်။

သံတွဲမြို့နှင့် မိုင် ၂၀ ခန့်ဝေးသော သူဌေးရေအားလျှပ်စစ်စီမံကိန်းတွင် စစ်ကောင်စီသည် ရခိုင်မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေချိန်ကတည်းက အမြောက်ကြီးများ ပါသော တပ်ရင်းတစ်ခု အခြေနေရာယူထားသည့်အတွက် AA က ယင်းတပ်စခန်းကို ဧပြီလ ၂၂ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

သံတွဲတိုက်ပွဲကြောင့် ကျေးရွာ ၁၅ ရွာထက်မနည်း ဒေသခံပြည်သူ ၁၅၀၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုမှာ သံတွဲမြို့ပေါ်၌ တိမ်းရှောင်နေကြကြောင်းနှင့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်ကူညီသူများထံမှ သိရသည်။

ပုံစာ – သံတွဲတိုက်ပွဲမြင်ကွင်း။

Western News-WN

သံတြဲတိုက္ပြဲ ျပင္းထန္ေနဆဲ၊ မင္းေအာင္လႈိင္ဇနီး ေဒၚၾကဴၾကဴလွ႐ြာကို စစ္ေကာင္စီ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲ

Western News| ေမ ၁၀

ရခိုင္ျပည္ သံတြဲၿမိဳ႕နယ္တြင္ AA ႏွင့္ စစ္ေကာင္စီတို႔ တိုက္ပြဲ ျပင္းထန္ေနၿပီး သံတြဲၿမိဳ႕အဝင္ရွိ စစ္ေကာင္စီတပ္ရင္းက ပစ္ခတ္ေသာ လက္နက္ႀကီးမွာ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဇနီး ေဒၚၾကဴၾကဴလွ ေက်း႐ြာ ဇီးကြၽန္းေက်း႐ြာသို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း မ်က္ျမင္ေဒသခံမ်ားက ေျပာသည္။

ယမန္ေန႔ ေမလ ၉ ရက္ေန႔ ေန႔လယ္ ၁ နာရီခန႔္က စျဖစ္ပြားခဲ့ေသာ လင္းသီ႐ြာအေနာက္ဘက္က တိုက္ပြဲမွာ ညေန ၅ နာရီအခ်ိန္ခန႔္အထိ ႏွစ္ဖက္တိေတြ႕တိုက္ပြဲ ျပင္းထန္ခဲ့ၿပီး လင္းသီေက်း႐ြာသို႔ လက္နက္ႀကီး ႏွစ္လုံး က်ေရာက္ခဲ့ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

” မေန႔က တိုက္ပြဲက အရမ္းျပင္းထန္တာ။ လင္းသီ႐ြာနဲ႔ အေနာက္ဘက္ ေတာင္ေၾကာေတြမွာ ျဖစ္ၾကတာ။ ေမာင္ေ႐ႊေလးေရတပ္၊ သံတြဲၿမိဳ႕အဝင္က အေျမာက္တပ္၊ ငပလီၿမိဳ႕ေခ်ာင္လမ္းမွာရွိတဲ့ အေျမာက္တပ္ေတြက လက္နက္ႀကီးနဲ႔ လွမ္းပစ္ခဲ့တာ။ ဒီေန႔ နံနက္ ၉ နာရီေလာက္ကလည္း ေ႐ႊေလွအနီးတစ္ဝိုက္မွာ တိုက္ပြဲ ျဖစ္ခဲ့တယ္။ တစ္နာရီေလာက္ေပါ့ေနာ္။ လက္နက္ႀကီးကေတာ့ အခုထိ ပစ္ခတ္ေနတုန္းပါပဲ” ဟု ေျပာသည္။
ယမန္ေန႔ တိုက္ပြဲတြင္ သျဗဳခ်ိဳင္ေက်း႐ြာကေန လင္းသီေက်း႐ြာသို႔ စက္ဘီးႏွင့္လာေသာ ေဒသခံ အမ်ိဳးသား ၂ ဦးမွာ လက္နက္ႀကီးစထိမွန္ၿပီး ထိခိုက္ဒဏ္ရာရသြားေၾကာင္း မ်က္ျမင္ေဒသခံတစ္ဦးက ေျပာသည္။

ဧၿပီလ ၂၂ ရက္ေန႔က ေဒၚျမႏွင့္ ပုရစ္ေရေကာက္႐ြာတို႔အနီးက စတင္ခဲ့ေသာ သံတြဲတိုက္ပြဲမွာ စစ္ေကာင္စီတပ္စခန္းမ်ားသည္ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းႏွင့္ ေ႐ႊေလွတံတား လင္းသီ႐ြာသို႔ ဆုတ္ခြာသြားခဲ့ရသည္။

အာရကၡတပ္ေတာ္ AA သည္ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းဧရိယာႏွင့္ လင္းသီ၊ ေ႐ႊေလွ၊ ရွင္ေစာျပင္ေက်း႐ြာတို႔ အနီးတစ္ဝိုက္ကို ဝိုင္းရံပိတ္ဆို႔ထားေၾကာင္း စစ္ေရးအေျခအေနသိသည့္ ေဒသခံမ်ားက ေျပာသည္။

ၿပီးခဲ့သည့္ ႏွစ္ရက္က လင္းသီ၊ ေ႐ႊေလွ႐ြာအနီး တိုက္ပြဲတြင္ သံတြဲၿမိဳ႕အဝင္ ဘားဒန္းေတာင္ေပၚ၌ တပ္စြဲထားေသာ စစ္ေကာင္စီ အေျမာက္စခန္းမွ ပစ္ခတ္ေသာ လက္နက္ႀကီးမွာ လင္းသီ႐ြာအနီးတြင္ရွိ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ဇနီး ေဒၚၾကဴၾကဴလွေက်း႐ြာ ဇီးကြၽန္း႐ြာသို႔ လက္နက္ႀကီး ၂ လုံးက်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္း မ်က္ျမင္ေဒသခံတစ္ဦးက ေျပာသည္။

” ၿပီးခဲ့တဲ့ ႏွစ္ရက္က ျဖစ္ပြားတဲ့ လင္းသီ၊ ေ႐ႊေလွ႐ြာအနီးက တိုက္ပြဲမွာ ဘားဒါန္းေတာင္ေပၚက ပစ္ခတ္တဲ့ စစ္ေကာင္စီ နက္လက္ႀကီးဟာ ေဒၚၾကဴၾကဴလွ႐ြာက ဘုန္းႀကီးေက်ာင္းနဲ႔ ေပ ၂၀၀ အကြာ လယ္ကြင္းျပင္မွာ က်ေရာက္ခဲ့တယ္။ လူေတြ မထိခိုက္ဘူးေပါ့ေနာ္။ ႐ြာထဲက်ရင္ေတာ့ ထိခိုက္ေသဆုံးၾကမွာ” ဟု ေျပာသည္။

စစ္ေကာင္စီသည္ လင္းသီ၊ ေ႐ႊေလွ၊ ရွင္ေစာျပင္၊ ေကြ႕ေခ်ာင္းႏွင့္ စီမံကိန္းဧရိယာအနီးသို႔ တပ္ျဖန႔္ထားသလို ဇီးကြၽန္း၊ သျဗဳခ်ိဳင္၊ ျမင္းစိုင္းေမာ္၊ ျပင္ေယာင္း စသည့္ ေက်း႐ြာမ်ားဘက္သို႔လည္း တပ္ျဖန႔္ထားေၾကာင္း စစ္ေရးအေျခအေန သိသူမ်ားက ေျပာသည္။

လက္ရွိတြင္ ေ႐ႊေလွတံတားထိပ္ လင္းသီေက်း႐ြာတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္စခန္းမွာ AA ၏ ပိတ္ဆို႔မႈကို ခံထားရၿပီး တပ္ကူႏွင့္ ရိကၡာျဖတ္ေတာက္ခံထားရေၾကာင္း စုံစမ္းသိရသည္။

သံတြဲတိုက္ပြဲ AA ထိုးစစ္ကို စစ္ေကာင္စီက ၾကည္း၊ ေရ၊ ေလ သုံးခုစလုံးျဖင့္ ခုခံေနေသာ္လည္း အက်အဆုံးမ်ားကာ သံတြဲၿမိဳ႕ဘက္သို႔ တပ္ျပန္ဆုတ္ေနရေၾကာင္းႏွင့္ အာရကၡတပ္ေတာ္ AA က အသာစီးရေနေၾကာင္း သိရသည္။

သံတြဲၿမိဳ႕ႏွင့္ မိုင္ ၂၀ ခန႔္ေဝးေသာ သူေဌးေရအားလွ်ပ္စစ္စီမံကိန္းတြင္ စစ္ေကာင္စီသည္ ရခိုင္ေျမာက္ပိုင္းတြင္ တိုက္ပြဲျပင္းထန္ေနခ်ိန္ကတည္းက အေျမာက္ႀကီးမ်ား ပါေသာ တပ္ရင္းတစ္ခု အေျခေနရာယူထားသည့္အတြက္ AA က ယင္းတပ္စခန္းကို ဧၿပီလ ၂၂ ရက္ေန႔ကစ၍ ထိုးစစ္ဆင္တိုက္ခိုက္ေနျခင္းျဖစ္သည္။

သံတြဲတိုက္ပြဲေၾကာင့္ ေက်း႐ြာ ၁၅ ႐ြာထက္မနည္း ေဒသခံျပည္သူ ၁၅၀၀၀ ခန႔္မွာ အိုးအိမ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး အမ်ားစုမွာ သံတြဲၿမိဳ႕ေပၚ၌ တိမ္းေရွာင္ေနၾကေၾကာင္းႏွင့္ ေနရာထိုင္ခင္း၊ စားနပ္ရိကၡာ အေရးတႀကီး လိုအပ္ေနေၾကာင္း စစ္ေဘးဒုကၡသည္ကူညီသူမ်ားထံမွ သိရသည္။

ပုံစာ – သံတြဲတိုက္ပြဲျမင္ကြင္း။

Western News-WN