မကြာခင် ယှဉ်ပြိုင်ထိုးရတော့မည့် ပွဲကြီးပွဲကောင်း အတွက် မြန်မာပြည် သူတွေကို ချပြ လာ တဲ့ အောင်လအန်ဆန်….

၁၃-မတ်-၂၀၂၃ ၉am · လွန်ခဲ့သော တစ်ရက် ကဒီပွဲလည်းနိုင်ပါစေဗျာ..အမေရိကန်မြေရဲ့ ONE Championship ပထမဆုံးပွဲစဉ်မှာ မြန်မာ့ဖိုက်တာကြီး ‘အောင်လအန်ဆိုင်း’ လည်းပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဒီပွဲစဉ်ကို အမေရိကန်နိုင်ငံ Colorado ပြည်နယ် ‘One Fight Night 10’ မှာ တရုတ်ဖိုက်တာကြီး Fan Rong နဲ့ မေလ ၅ ရက်မှာ ယှဉ်ပြိုင်ထိုးသတ်သွား မှာဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် Fan Rong ဟာ တရုတ် Middle Weight ဖိုက်တာတစ်ယောက်ဖြစ်ပြီး MMA မှာလည်း ထိုးသတ်ခဲ့ဖူးသူဖြစ်ပါတယ်။ ONE Championship ဖိုက်တာတွေဖြစ်တဲ့ De Ridder နှင့် Bigdash တို့နဲ့ ထိုးသတ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ ၁၉ ပွဲ အနိုင်ရရှိထားပြီး ၃ ပွဲ ရှုံးနိမ့်ထားပါတယ်။

အသက် ၃၇ နှစ်အရွယ် အောင်လအန်ဆိုင်း ကတော့ Middle Weight နှင့် Light Heavyweight ချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ဒီဆုနှစ်ခုလုံးကို De Ridder ကို ပေးလိုက်ရတာဖြစ်ပါတယ်။ အောင်လအန်ဆိုင်း က အမေရိကန်မှာ နှစ် ၂၀ ကျော်နေထိုင်ခဲ့သူမို့ ဒီပွဲဟာ သူ့အတွက် အားသာချက်ရှိတယ် လို့ ပြောခဲ့ပါတယ်။
“အမေရိကန်မှာထိုးရတာ အရမ်းကောင်းပါတယ်။ လေ့ကျင့်ဖော်‌တွေပိုများပြီး ပြင်ဆင်ချိန်လည်းပိုရတယ်” လို့ပြောခဲ့တာပါ။ သူပြောသလို အကောင်းဆုံးပြင်ဆင်ပြီး တရုတ်ဖိုက်တာကြီးကို အလဲထိုးနိုင်မလားစောင့်ကြည့်ရပါဦးမယ်။ ပရိသတ်ကြီး‌တို့ရော် အလဲထိုးနိုင်မယ်လို့ထင်လား..။crd

Leave a Reply

Your email address will not be published. Required fields are marked *