FB ခေတ်စားလာသည်နှင့်အမျှ ဖြစ်ပျက်လာတဲ့ ပတ်ဝန်းကျင် စိတ်သဘောများနဲ့လူမှု့ပတ်ဝန်းကျင် အတွက် ရင်လေးစရာစရိုက်များ
Fb ခေတ်စားလာသည်နှင့်အမျှ သူ့ချစ်သူမှန်း ကိုယ့်ချစ်သူမှန်း မသိဖြစ်လာတယ် သစ္စာတရား ကင်းမဲ့လာတယ်
မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်လုဖြစ်လာတယ်။အိမ်ထောင်သယ်တွေကအပျို လူပျို လုပ်လာတယ်
အဖိုးကြီး အဖွားကြီးတွေ ကျောင်းကန်အရောက်နဲလာတယ် စကားတွေမပီကလာပီကလာပြောမှ
ခေတ်မှီတယ်အသိနဲ့ သွားကျိုးကြားကလေထွက်သလို စကားကိုမပီအောင် တမင်လုပ်ပြောလာကြတယ်
Post တင်တဲ့အခါ တင်တဲ့Postကို အသေအချာမဖတ်ပဲ ပါးစပ်အရသာခံ ချောချော မချောချော အသားယူပြောတဲ့သူတွေပေါလာတယ်
လူတက်ကြီးလုပ်ပီး အကြံပေးသလိုလိုနဲ့ ဝေဖန်ရေးသမားတွေပေါလာတယ် ရေးချင်တာတွေရေး postမှာ like mentရရေး
အောက်ကျခံ ခင်ရင် postသစ်လာပါဦး ဆယ်လီဖြစ်ချင်ဇောတွေ များလာတယ်
အိနြေ္ဒရှင် တည်ငြိမ်သူတွေ Fbပေါ် ခေတ်နောက်ကျတယ်ဖြစ်လာကြတယ် သစ္စာတရား တန်ဖိုးထားသူတွေ ပြတိုက်ရောက်
ဘဝတန်ဖိုးထားသူတွေ အပစ်ခံရ feel ပို့စ်မရှိ ပို့စ်မှာ like နဲသူတွေ ဒိတ်အောက်တယ်ဖြစ်ကြရတယ်
အိမ်တွင်းရေး အကုန်တင်လာကြတယ် မော်ဒယ်မင်းသမီး တင် ရင် အလှ တင်ပြတော့ ခေတ်သစ်သမီးပျိုတွေက အတုခိုးယူတယ် ပုရိသယောက်ျားတွေကို ဖွင့်ချပြကြတယ်
အိမ်ကမိသားစုကို ဘေးဖယ် Fbပေါ်က မည်သူမည်ဝါ အသေအချာမသိသူကို အချိန်တွေပေးလာကြတယ်
ဇနီးမယား သမီး သား တွေကို ဂရုစိုက်ဖို့ မေ့လျော့လာကြတယ် Fbချစ်သူကို အကြင်နာတွေတိုးလို့ ဂရုစိုက်ခါ ချစ်ကာပြ
မိတ်ဆွေအစစ် ဇနီးမယား သမီးသားတွေကို ကျောပေးလာကြတယ်
ဇနီးအတွက် ရော့ ဈေးဖိုး တိကာတိုင်းကာ ဒါနဲ့လောက်အောင်သုံး တိုင်းထွာပေး သားသမီးအတွက် ရော့ ဒါမုန့်ဖိုး ဘယ်နှစ်ရက်စာ လောက်အောင်သုံး တိုင်းထွာပေးကြတယ်
ဒါပေမယ့် ဘေလ်ဝယ်ဖို့တော့ ဘာအတွက်ရယ်မသိ အသိပျောက်နေလေရဲ့ Fbပေါ်မှာ လင်မယားမဟုတ်တဲ့ လင်မယားတွေပေါလာတယ်
တကယ်တော့ fbကြီးက သုံးတက်ရင် ဗဟုသုတရစရာတွေအများကြီးရှိပါတယ်ဗျ ကိုယ်မသိတာတွေ သိအောင်ရှာလို့ရတယ်
ကိုယ်နဲ့အဆတ်ပျက်တာကြာနေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ပြန်ဆုံအောင်လုပ်ပေးနိုင်တယ် ကိုယ်သိ ကိုယ်တက်တဲ့ အသိတရားတွေကို Fbအပေါ်မှာ အသိချင်းဖလယ်လို့ရတယ်
အိမ်ထောင်သယ်တချို့ fbပေါ် အပျို လူပျိုဟန်နဲ့ အိမ်ထောင်ရေးကို ဖောက်ပြန်မှန်းမသိ ဖောက်ပြန်လာကြတယ်
အကယ်၍သင့် ဇနီးမယား သင့်ခင်ပွန်းကဖောက်ပြန်ခဲ့မယ်ဆိုရင်ရောသင်ခွင့်လွှတ်နိုင်ပါ့မလား
သင်ဖောက်ပြန်နေချိန်သင့်သားပျို သမီးပျိုတွေရောသင့်လိုဖောက်ပြန်တဲ့လူနဲ့ မတွေ့နိုင်ဘူးလို့မပြောနိုင်ပါဘူး
တူသောအကျိုးပြန်ရခဲ့ရင် သင်ခံနိုင်ရည်ရှိပါ့မလား တူသောအကျိုးကပြန်ရတက်ပါတယ်…။
ကျနော် သိလို့ တက်လို့ရေးခြင်းမဟုတ်ပါ စေတနာဖြင့်ရေးသားခြင်းပါဗျ သင်သာ စည်းစောင့်နိုင်တဲ့သူအထဲကတယောက်ဆိုရင် ကျနော် ရေးသောစာကို ဗဟုသုတအဖြစ်နဲ့ဖတ်ပေးပါဗျ…။
မင်္ဂလာပါဗျ အေးချမ်းသော မိသားစုလေးကိုပိုင်ဆိုင်နိုင်ကြပါစေချစ်သူတိုင်း အဆင်ပြေကြပါစေ။အမှားပါခဲ့လျှင် ခွင့်လွှတ်ပေးကြပါဗျ…။
ဂျစ်တူး ရဲရင့်နှင်းဆီ(မန္တလေး)Credit to Original
Writer & Photo Khaing Khaing