သားအရင္းက ေမြးတဲ့ သမီး၊ ေျမးအရင္းကို အဘိုးျဖစ္သူမွ ဘုန္းၾကီးေက်ာင္း ဥပုတ္ေစာင့္သြားမည္ဟု လိမ္ေခၚကာ… See more

ပဲခူးတိုင္‌း၊ ေက်ာက္ႀကီးၿမိဳ့နယ္၊ ေက်ာက္ခဲႀကီးေက်းရြာမွာ အဘိုးျဖစ္သူ အသက္ ၈၀ ေက်ာ္အရြယ္အမ်ိဳးသားက အသက္ ၁၀ ႏွစ္အရြယ္ ေျမးအရင္းျဖစ္သူ မိန္းကေလးကို

အဓမၼျပဳက်င့္မွု ႏွစ္ႀကိမ္က်ဳးလြန္ခဲ့တယ္ဆိုၿပီး မေန႔က လာေရာက္အမွုဖြင့္တိုင္ၾကားခဲ့တယ္လို့ေက်ာက္ႀကီးၿမိဳ့မရဲစခန္းမွူး ဒုရဲမွူးသိန္းစိုးဦးက ေျပာပါတယ္။” သားက ေမြးတဲ့ ေျမးမေလးပါ။

တစ္ရြာတည္း အတူေနေပမယ့္ တစ္အိမ္ထဲအတူမေနၾကပါဘူး။ ၿပီးခဲ့တဲ့ တစ္လေလာက္က တစ္ႀကိမ္၊ အခုလ တစ္ႀကိမ္၊

ႏွစ္ႀကိမ္က်ဳးလြန္ခဲ့ၿပီး၊ က်ဳးလြန္ခ်ိန္ ျမင္သူတစ္ဦးက‌ အသိလာေပးေတာမွ သိခဲ့ရတာပါ” လို့ ဒုရဲမွူးသိန္းစိုးဦးက ေျပာပါတယ္။ေက်ာက္ႀကီးၿမိဳ့နယ္၊ ေက်ာက္ခဲ့ႀကီးေက်းရြာမွာေနတဲ့ အသက္ ၃၇ ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးဟာ

ယမန္မနက္ပိုင္းက ေနအိမ္မွာရွိ‌ေနခ်ိန္ ၁၀ႏွစ္အရြယ္ရွိ သမီးျဖစ္သူကို တစ္ရြာတည္းေန ေယာကၡမ ဦးနီ (၈၁ ႏွစ္)ဆိုသူက ေဗာဓိကုန္းဘုန္းႀကီးေက်ာင္းကို ဥပုတ္ေစာင့္သြားခ်ိန္

အေဖာ္အျဖစ္ထည့္ေပးဖို့ ေခၚေဆာင္ခဲ့တာျဖစ္ပါတယ္။ေန႔လယ္ပိုင္းမွာေတာ့ ရြာထဲကအမ်ိဳးသားတစ္ဦးဟာ ေနအိမ္ကိုလာ‌ၿပီး အဲ့ဒီအမ်ိဳးသမီးရဲ့ သမီးကို ဦးနီက သားမယားျပဳက်င့္ေနတာျမင္ေတြ႕ေၾကာင္း

အသိေပးတဲ့အတြက္ သမီးကိုေခၚယူေမးျမန္းတဲ့အခါ အရင္လအတြင္းမွာ တစ္ႀကိမ္၊အခုလ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ မုဒိမ္းက်င့္ခဲ့တယ္ဆိုတာကို သိရွိခဲ့ရတယ္လို့ ေက်ာက္ႀကီးၿမိဳ့မရဲစခန္းကေန သိရပါတယ္။

ေက်ာက္ႀကီးၿမိဳ့မရဲစခန္းက ဦးနီ အသက္(၈၀)ကို အမွုဖြင့္အေရးယူေဆာင္ရြက္ထားတယ္လို့ သိရပါတယ္။

crd-original writer

သားအရင်းက မွေးတဲ့ သမီး၊ မြေးအရင်းကို အဘိုးဖြစ်သူမှ ဘုန်းကြီးကျောင်း ဥပုတ်စောင့်သွားမည်ဟု လိမ်ခေါ်ကာ… See more

ပဲခူးတိုင်‌း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာမှာ အဘိုးဖြစ်သူ အသက် ၈၀ ကျော်အရွယ်အမျိုးသားက အသက် ၁၀ နှစ်အရွယ် မြေးအရင်းဖြစ်သူ မိန်းကလေးကို

အဓမ္မပြုကျင့်မှု နှစ်ကြိမ်ကျုးလွန်ခဲ့တယ်ဆိုပြီး မနေ့က လာရောက်အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။” သားက မွေးတဲ့ မြေးမလေးပါ။

တစ်ရွာတည်း အတူနေပေမယ့် တစ်အိမ်ထဲအတူမနေကြပါဘူး။ ပြီးခဲ့တဲ့ တစ်လလောက်က တစ်ကြိမ်၊ အခုလ တစ်ကြိမ်၊

နှစ်ကြိမ်ကျုးလွန်ခဲ့ပြီး၊ ကျုးလွန်ချိန် မြင်သူတစ်ဦးက‌ အသိလာပေးတောမှ သိခဲ့ရတာပါ” လို့ ဒုရဲမှူးသိန်းစိုးဦးက ပြောပါတယ်။ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲ့ကြီးကျေးရွာမှာနေတဲ့ အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ

ယမန်မနက်ပိုင်းက နေအိမ်မှာရှိ‌နေချိန် ၁၀နှစ်အရွယ်ရှိ သမီးဖြစ်သူကို တစ်ရွာတည်းနေ ယောက္ခမ ဦးနီ (၈၁ နှစ်)ဆိုသူက ဗောဓိကုန်းဘုန်းကြီးကျောင်းကို ဥပုတ်စောင့်သွားချိန်

အဖော်အဖြစ်ထည့်ပေးဖို့ ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။နေ့လယ်ပိုင်းမှာတော့ ရွာထဲကအမျိုးသားတစ်ဦးဟာ နေအိမ်ကိုလာ‌ပြီး အဲ့ဒီအမျိုးသမီးရဲ့ သမီးကို ဦးနီက သားမယားပြုကျင့်နေတာမြင်တွေ့ကြောင်း

အသိပေးတဲ့အတွက် သမီးကိုခေါ်ယူမေးမြန်းတဲ့အခါ အရင်လအတွင်းမှာ တစ်ကြိမ်၊အခုလ တစ်ကြိမ်၊ နှစ်ကြိမ် မုဒိမ်းကျင့်ခဲ့တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ကျောက်ကြီးမြို့မရဲစခန်းကနေ သိရပါတယ်။

ကျောက်ကြီးမြို့မရဲစခန်းက ဦးနီ အသက်(၈၀)ကို အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

crd-original writer

Leave a Reply

Your email address will not be published. Required fields are marked *